Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ စစ်အင်အားက မှန်းထားသလောက် မတောင့်တင်းခဲ့ဘူးလို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ပြော

အီရန်ရဲ့ စစ်အင်အားဟာ မူလ ကြိုတင် မျှော်လင့်ထားသလောက် တောင့်တင်းမှု မရှိဘူးလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ စစ်အင်အားဟာ မူလ ကြိုတင် မျှော်လင့်ထားသလောက် တောင့်တင်းမှု မရှိဘူးလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး အစီအမံတွေကို ကွပ်ကဲနေသူ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက မတ်လ ၁၀ ရက်နေ့မှာ အခုလို ဝေဖန်သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

အီရန်မှာ ဆင်နွှဲနေတဲ့ အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးပေါင်း စစ်ဆင်ရေးတွေကို ဦးစီးနေတဲ့ ကိန်းက အီရန်ဟာ အကောင်းဆုံး ဆက်ပြီး တိုက်ခိုက်နေဆဲလို့ သူယူဆပြီး အဲဒီအတွက်လည်း လေးစားကြောင်း၊ ဒါပေမဲ့ အီရန်ရဲ့ စစ်အင်အားဟာ အမေရိကန် ခန့်မှန်းထားသလောက်တော့ တောင့်တင်းနေခဲ့တယ်လို့ သူမယူဆတော့ကြောင်း ကိန်းက ဆိုပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဟာ အီရန်တောင်ပိုင်းက အဓိက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြား လုံခြုံရေးအတွက် စစ်ဆင်ရေးတွေ အာရုံစိုက် လုပ်ဆောင်နေပြီး အထူးသဖြင့် အီရန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းထောင်တဲ့ သင်္ဘောတွေကို လိုက်လံ ရှင်းလင်းနေကြောင်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ်ရေလက်ကြားဟာ နိုင်ငံတကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အရည်တွေ ကုန်သွယ်ပို့ဆောင်မှုမှာ အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုလည်းဖြစ်ပြီး စစ်ပွဲကြောင့် အပိတ်ခံထားရပါတယ်။ အကျိုးဆက် အနေနဲ့ နိုင်ငံတကာ ရေနံတင်ပို့မှု စျေးကွက်မှာ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာသလို နိုင်ငံအများအပြားမှာလည်း လောင်စာပြတ်သွားမှာ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်သာ ဟောမုဇ်ကို ဆက်ပြီး ပိတ်ထားမယ်ဆိုရင် အမေရိကန်ဆီက အဆ ၂၀ လောက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ကြုံလာရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ လက်ရှိ စစ်ပွဲတလျှောက်မှာ မတ်လ ၁၀ ရက်နေ့ဟာ အီရန်အပေါ် အမေရိကန်က အပြင်းထန်ဆုံး ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်လာကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဟက်ဂ်ဆက်သ်က အီရန်စစ်ပွဲဟာ မပြီးနိုင်မစီးနိုင် ကြာညောင်းနေမှာ မဟုတ်ဘူးလို့လည်း ထပ်လောင်း အတည်ပြုသွားပြီး ဘယ်အချိန်မှာ စစ်ပွဲ အဆုံးသတ်မလဲ ဆိုတာကိုတော့ သမ္မတ ထရမ့်က ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ကိန်းကတော့ သတင်းစာရှင်းလင်းပွဲမှာ အချက်အလက်တွေ ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်ဟာ ၁၀ ရက်အတွင်း အီရန် ရေတပ်သင်္ဘော အစီး ၅၀ ကျော် အပါအဝင် စစ်ရေးပစ်မှတ် ၅၀၀၀ ကျော်ကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – AP, Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။