Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ်မှာ ဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုမှာ အမေရိကန် လေတပ်သား ၄ ဦး သေဆုံး

ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ် ပျက်ကျမှုကြောင့် လေတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က အတည်ပြုခဲ့ပါတယ်။

ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ် ပျက်ကျမှုကြောင့် လေတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က အတည်ပြုခဲ့ပါတယ်။

CENTCOMက KC-135 လေယာဉ်တစ်စီးဟာ မဟာမိတ် အီရတ်နိုင်ငံရဲ့ လေပိုင်နက်ထဲမှာ ပျက်ကျခဲ့ကြောင်း မတ်လ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ မတ်လ ၁၃ ရက်မှာတော့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ အသေအပျောက် အခြေအနေကို CENTCOMက ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပေါ် ပါသွားသူ ၆ ဦးထဲက ၄ ဦး အသက်ဆုံးရှုံးတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်နေပေမယ့် ရန်သူက ပစ်ချခံရတာ၊ ဒါမှမဟုတ် မဟာမိတ် နိုင်ငံတွေဖက်က မှားယွင်းပစ်ချတာမျိုးကြောင့် ပျက်ကျတာ မဟုတ်ကြောင်း CENTCOMက ရှင်းလင်းထားပြီး ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အသေအပျောက် ၄ ဦး ရှိလာတဲ့နောက် အီရန်စစ်ပွဲ ကာလတလျှောက် အမေရိကန် တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့ အရေအတွက်ဟာ ၁၁ ဦးထိ မြင့်တက်လာပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မသိရသေးပေမယ့် ပါဝင်ပတ်သက်တဲ့ လေယာဉ်နှစ်စီး ရှိခဲ့ကြောင်းနဲ့ ဒုတိယ လေယာဉ်ကတော့ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။

Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ KC-135ဟာ တခြား စစ်လေယာဉ်တွေကို လေထဲမှာတင် ပျံသန်းရင်း ဆီဖြည့်ပေးနိုင်အောင် တည်ဆောက်ထားပြီး အမေရိကန်ရဲ့ စစ်ဆင်ရေး မစ်ရှင်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အီရန်ကတော့ အမေရိကန် လေယာဉ်ကို အီရန်ရဲ့ မဟာမိတ် ပြောက်ကျားတပ်တွေက ဒုံးကျည်နဲ့ ပစ်ချတာ ခံတာလို့ ကြေညာခဲ့ပါတယ်။ အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ အီရန်ကို လိုလားတဲ့ လက်နက်ကိုင် အင်အားစုတွေလည်း လှုပ်ရှားနေပါတယ်။

CENTCOMက လေယာဉ်ဟာ မဟာမိတ်နိုင်ငံ လေပိုင်နက်ထဲမှာ ပျက်ကျခဲ့တယ်လို့ ပြောပေမယ့် အီရတ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ပျက်ကျသလဲ၊ အဲဒီနေရာမှာ အီရန်မဟာမိတ် တပ်ဖွဲ့တွေ လှုပ်ရှားနေသလားဆိုတဲ့ အချက်အလက်တွေကိုတော့ အသေးစိတ် မကြေညာခဲ့ပါဘူး။

အခုဆိုရင် အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်လေယာဉ်တွေ ဆုံးရှုံးတာ ၄ စီးထိ ရှိလာခဲ့ပါပြီ။ စစ်ပွဲအစပိုင်း ကာလတုန်းကလည်း မဟာမိတ် ကူဝိတ်လေတပ်က အမေရိကန်ရဲ့ F-15 တိုက်လေယာဉ် ၃ စီးကို ရန်သူအဖြစ် မှားယွင်းယူဆပြီး ပစ်ချမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ အမေရိကန် လေသူရဲ ၆ ဦးစလုံး လေထီးနဲ့ ခုန်ထွက်ပြီး လွတ်မြောက်နိုင်ခဲ့ကြပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook