Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ ခါ့ဂ်ကျွန်းကို နောက်ထပ် တိုက်ခိုက်လာနိုင်သေးကြောင်း ထရမ့်ခြိမ်းခြောက်

အီရန်ရဲ့ ရေနံတင်ပို့မှု အဓိကဇုန်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

အီရန်ရဲ့ ရေနံတင်ပို့မှု အဓိကဇုန်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

အခု သီတင်းပတ်ထဲမှာ အမေရိကန်က ခါ့ဂ်ကျွန်းကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ကျွန်းရဲ့ အစိတ်အပိုင်း အများစုကို လုံးဝနီးပါး ချေမှုန်းပစ်ခဲ့ကြောင်း ထရမ့်က ပြောပါတယ်။ အဲဒီ ကျွန်းဟာ နိုင်ငံတကာ ရေနံတင်ပို့မှု ကဏ္ဍမှာ အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြား အနောက်မြောက်ဖက် မိုင် ၃၀၀ လောက် အကွာ ပါရှန်းပင်လယ်ကွေ့ထဲမှာ တည်ရှိနေပါတယ်။

ခါ့ဂ်ကျွန်းက အကြီးအကျယ် ပျက်စီးခဲ့ပြီး ဖြစ်ပေမယ့်လည်း အမေရိကန်က အပျော်သဘောမျိုးနဲ့ နောက်ထပ် နည်းနည်း ထပ်ပစ်တာတွေ ရှိလာနိုင်တယ်လို့ NBCနဲ့ အင်တာဗျူးမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး အီရန်ဟာ စစ်ပွဲကို ရပ်စဲနိုင်ဖို့ ညှိနှိုင်းချင်လာပုံရကြောင်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အီရန်ဖက်က လိုက်လျောနိုင်တဲ့ အခြေအနေတွေက အမေရိကန်အတွက် မလုံလောက်သေးဘူးလို့လည်း ထရမ့်က ဆက်ပြောပါတယ်။

NBCနဲ့ အင်တာဗျူးမှာ ထရမ့်က ကာ့ဂ်ကျွန်း တစ်ခုလုံးနီးပါးကို အမေရိကန်က ဖျက်ဆီးထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့တာဟာ ကျွန်းပေါ်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အရင်က သူပြောခဲ့တဲ့ စကားနဲ့ ကွဲလွဲမှုတွေ ရှိနေပါတယ်။ အစောပိုင်းမှာ ထရမ့်က အမေရိကန်ဟာ ခါ့ဂ်ကျွန်းပေါ်က စစ်ရေးပစ်မှတ်တွေကိုပဲ ရွေးချယ် ချေမှုန်းခဲ့တယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ဟာ စစ်ပွဲစတင်လာတဲ့ အချိန်ကစလို့ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားပြီး ဖြတ်သန်းခုတ်မောင်းတဲ့ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပါတယ်။ ထရမ့်က မဟာမိတ် နိုင်ငံတွေ အနေနဲ့ အဲဒီ ရေလက်ကြား ပြန်ပွင့်လာအောင် ပူးပေါင်း လုပ်ဆောင်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ရေလက်ကြားကို ဖြတ်သန်းလာတဲ့ ရေနံကို ဝယ်ယူတင်သွင်းနေတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ အဲဒီရေလက်ကြားကို ထိန်းသိမ်း စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ အဲဒီအတွက် အမေရိကန်ကလည်း အများကြီး ကူညီမှာ ဖြစ်ကြောင်း၊ ကိစ္စအားလုံး မြန်မြန်ဆန်ဆန်၊ အဆင်ပြေပြေ၊ ချောချောမောမော ဖြစ်သွားအောင် အမေရိကန်က ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

ခါ့ဂ်ကျွန်း တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီလို့ ထရမ့်က ပြောကြားခဲ့ပေမယ့် အီရန် အစိုးရကတော့ အပျက်အစီး အခြေအနေတွေ အရမ်းမဆိုးပါဘူးလို့ ငြင်းဆိုထားပါတယ်။ အဲဒီနောက် အမေရိကန် စစ်တပ်က ကျွန်းပေါ်က ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယို တချို့ကိုပါ ထုတ်ပြန်ပြသခဲ့ပြီး အဆောက်အအုံတွေ ဒုံးကျည်ထိမှန် ပေါက်ကွဲကုန်တာကို တွေ့ခဲ့ရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အရှုံးပေးဖို့ အလွန်အကျွံ ဖိအားပေးတဲ့ ဘယ်လို လုပ်ရပ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးကို ရည်ရွယ်ပြီး အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ်ရေလက်ကြားကိုသာအမေရိကန်ကဆက် ပြီး ပိတ်ဆို့ထားမယ်ဆိုရင်ပါရှန်းပင်လယ်ကွေ့၊ ပင်လယ်နီ နဲ့ အိုမန်ပင်လယ်ထဲကရေကြောင်းသွားလာမှုတွေ လုံခြုံရေးကို အီရန်ကအာမခံမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ စစ်ဦးစီးအရာရှိချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။