Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေးအတွက် အီရန်ကို အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်လို့ ထရမ့်ပြော

ငြိမ်းချမ်းရေးအတွက် အီရန်မှာ နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ငြိမ်းချမ်းရေးအတွက် အီရန်မှာ နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

တင်နက်ဆီ ပြည်နယ်က မမ်းဖစ်မြို့ဆီ ရောက်ရှိနေချိန် အတောအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က လက်ရှိ အမေရိကန်နဲ့ အီရန်ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အီရန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီမှုမျိုးတွေ ရယူနိုင်မလား ဆိုတာကို အမေရိကန်က ဆန်းစစ်နေတယ်လို့ ထရမ့်က ပြောပါတယ်။

သူ့တစ်ဘဝလုံးဟာ ညှိနှိုင်းဆွေးနွေးမှု ပေါင်းစုံနဲ့ ဖြတ်သန်းခဲ့ကြောင်း၊ ဒါပေမဲ့ အီရန်နဲ့ ကိစ္စမှာ ညှိရတာတွေက အရမ်းကြနေခဲ့ကြောင်း၊ ဒီတစ်ကြိမ်မှာတော့ အလုပ်သဘောဆန်ဆန် လုပ်ဖို့လိုကြောင်း၊ အီရန်ဟာ ငြိမ်းချမ်းရေးအတွက် နောက်တစ်ကြိမ် အခွင့်အရေး ရထားကြောင်း ထရမ့်က ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ စစ်ဘက်နဲ့ အရပ်ဖက်ခေါင်းဆောင် အများအပြား သေဆုံးခဲ့ပြီး လောလောဆယ် အမေရိကန်က အီရန်ရဲ့ ဘယ်ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်းနေသလဲ ဆိုတာကိုတော့ ထရမ့်က မှတ်ချက် ပေးမသွားပါဘူး။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အီရန်ရဲ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်တို့ကတော့ အမေရိကန်နဲ့ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆိုထားကြပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ဟောမုဇ် ရေလက်ကြားကို အီရန်က ၄၈ နာရီအတွင်း ပြန်မဖွင့်ပေးရင် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို တိုက်ခိုက်ရလိမ့်မယ်လို့ မတ်လ ၂၁ ရက်နေ့မှာ ခြိမ်းခြောက်ခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာတော့ အီရန်နဲ့ ဆွေးနွေးမှုတွေက အများကြီး အပြုသဘော ဆောင်လာတဲ့အတွက် အဲဒီ တိုက်ခိုက်မယ့် ကိစ္စကို ၅ ရက် ရွှေ့ဆိုင်းထားဖို့ သူက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဆီ အမိန့်ပေးခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အဲဒီနောက်မှာမှ မမ်းဖစ်မှာ သတင်းထောက်တွေနဲ့ တွေ့တဲ့အခါ ထရမ့်က အီရန်အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ရမယ်လို့ မှတ်ချက်ပေးလာတာ ဖြစ်ပါတယ်။ အီရန်အနေနဲ့ အဲဒီ အခွင့်အရေးကို လက်ခံယူဖို့ သူမျှော်လင့်ကြောင်း ထရမ့်က ဆိုပါတယ်။

နှစ်ဖက် ဆွေးနွေးမှုတွေ တိုးတက်နေတယ်လို့ ထရမ့်က ပြောထားပေမယ့် မတ်လ ၂၃ ရက်နေ့မှာတော့ အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အစ္စရေး ပိုင်နက်ထဲက ပစ်မှတ်နေရာ တချို့နဲ့ ကူဝိတ်၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ ပိုင်နက်ထဲက အမေရိကန် စစ်စခန်း ၃ ခုကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အစ္စရေး၊ ကူဝိတ်၊ ဆော်ဒီနဲ့ ယူအေအီး အာဏာပိုင်တွေကတော့ IRGCရဲ့ ထုတ်ပြန်ချက်အပေါ် ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။