Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ ပူးပေါင်းပြီး ကူညီလိုကြောင်း တရုတ်ပြော

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကူအညီ ပေးသွားဖို့ ဆန္ဒရှိကြောင်း တရုတ်က ပြောပါတယ်။

ဓာတ်ပုံ -AP

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကူအညီ ပေးသွားဖို့ ဆန္ဒရှိကြောင်း တရုတ်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရုရှားနဲ့ ပူးပေါင်းပြီး လက်ရှိ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်နိုင်အောင် ကူညီ ညှိနှိုင်းပေးဖို့ တရုတ် အစိုးရက လိုလားကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဧပြီ ၅ ရက်နေ့ ဖုန်းခေါ်ဆိုမှု တစ်ခုမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်နဲ့ ဟောမုဇ်ရေလက်ကြားမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်နိုင်စေဖို့ ဆိုရင်တော့ အပစ်အခတ် အမြန်ဆုံး ရပ်စဲနိုင်အောင် တွန်းအားပေးဖို့ လိုအပ်ကြောင်း ဝမ်က ဆိုပါတယ်။

အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ အရပ်ဖက် သင်္ဘောတွေ ဘေးကင်းစွာ သွားလာနိုင်ရေး အဆိုတစ်ခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲမပေးခင် ရက်ပိုင်းအလိုမှာ ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် နှစ်နိုင်ငံကြား အခုလို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိလွယ်ရှလွယ် ကိစ္စတွေ မှန်သမျှမှာ တရုတ်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းက ချဉ်းကပ်ရေးကို အမြဲတမ်း ဦးစားပေး ထောက်ခံခဲ့တယ်လို့လည်း ဝမ်က ပြောကြားခဲ့ပါတယ်။

ဟောမုဇ် အရေးမှာလည်း တရုတ်နဲ့ ရုရှားတို့ဟာ လက်တွေ့ကျပြီး မျှတတဲ့ ချဉ်းကပ်မှုမျိုးကို ရွေးချယ်မှသာ နိုင်ငံတကာ အသိုက်အဝန်းဆီက ပိုမိုကောင်းမွန်တဲ့ နားလည်မှု၊ ထောက်ခံမှုတွေကို ရရှိလာမှာ ဖြစ်တယ်လို့ ဝမ်က လက်ဗ်ရော့ကို ပြောခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးနှစ်ဦးဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အမြန်ဆုံး ထွက်ပေါ်လာစေမယ့် နည်းလမ်းတွေကို နှီးနှော တိုင်ပင်ခဲ့ပြီး နိုင်ငံရေး-သံတမန်ရေး ဆွေးနွေးပွဲတစ်ခု အထမြောက်စေရေး ဖြစ်နိုင်ခြေတွေကို တိုင်ပင်ခဲ့ကြကြောင်း ပါရှိခဲ့ပါတယ်။

ကျေနပ်စရာ တစ်ခုကတော့ အီရန်ရဲ့ လက်ရှိ အခြေအနေနဲ့ အမေရိကန်၊ အစ္စရေးတို့ရဲ့ တစ်ဖက်သတ် စတင်ရန်လို တိုက်ခိုက်မှုတွေ အပါအဝင် ကမ္ဘာ့အရေးအရာတွေမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ချဉ်းကပ်လိုမှု ပုံစံတွေက တူညီခဲ့တာ ဖြစ်တယ်လို့ ရုရှားရဲ့ ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

တရုတ်ဟာ အီရန်နဲ့ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိလာဖို့ အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။ ပြီးတော့ တစ်လကျော် ကြာမြင့်လာတဲ့ စစ်ပွဲ ရပ်တန့်သွားရေးနဲ့ ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အဓိက အကျဆုံး ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားမှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ပြန်လည် ဖြတ်သန်းခွင့် ရရှိရေးတွေကိုလည်း တိုက်တွန်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။