Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်စေမယ့် နောက်ဆုံးအဆင့် ညှိနှိုင်းမှုမျိုးမှသာ ဇီလန်စကီးကို ပူတင်တွေ့လိမ့်မယ်လို့ ရုရှားပြော

စစ်ပွဲကို အဆုံးသတ်စေရေး နောက်ဆုံးအဆင့် ညှိနှိုင်းမှုတွေ အတွက်သာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို တွေ့ဆုံမှာ ဖြစ်တယ်လို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ပွဲကို အဆုံးသတ်စေရေး နောက်ဆုံးအဆင့် ညှိနှိုင်းမှုတွေ အတွက်သာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို တွေ့ဆုံမှာ ဖြစ်တယ်လို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒီမစ်ထရီ ပက်စ်ကော့ဗ်က နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ခြေနဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်နေတဲ့နောက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပြီး ညှိနှိုင်းမှုတွေ ပြန်လည် စတင်နိုင်အောင် ကြားဝင် စေ့စပ် ကူညီပေးဖို့ တူရကီ အစိုးရကို ယူကရိန်းက တောင်းဆိုခဲ့ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ပြောကြားခဲ့တဲ့နောက် အဲဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရုရှားဖက်က သဘောထားကို ပက်စ်ကော့ဗ်က ထုတ်ပြောလာခဲ့တာပါ။

တကယ့် အဓိက အချက်က အဲဒီ ဆွေးနွေးပွဲမျိုး လုပ်ဖို့ဆိုရင် လုပ်သင့်တဲ့ အကြောင်းပြချက် ရှိနေဖို့ ဖြစ်ကြောင်း၊ ပြီးတော့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေလည်း အဲဒီ ဆွေးနွေးမှုကနေ ရရှိလာဖို့ လိုကြောင်း၊ နောက်ပြီး ပဋိပက္ခကို အဆုံးသတ်စေမယ့် နောက်ဆုံးအဆင့် သဘောတူညီမှုတွေ ဆွေးနွေးဖို့သာ ဖြစ်သင့်ကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက် ခေါင်းဆောင်တွေကိုယ်တိုင် တွေ့ဆုံဖို့ ဆိုတာဟာ သေချာ ကြိုတင် ပြင်ဆင်ဖို့ လိုသလို ယူကရိန်းဖက်က နိုင်ငံရေးအရ စိတ်အားထက်သန်မှုမျိုး ပြဖို့လိုကြောင်း၊ အခုထိတော့ အဲဒီလို အခြေအနေမျိုး ရုရှားက မမြင်မိသေးကြောင်းလည်း သူက ဆက်ပြောပါတယ်။

ယူကရိန်းမှာ ဆင်နွှဲနေတဲ့ ရုရှားရဲ့ စစ်ဆင်ရေးတွေ အဓိက ရည်မှန်းချက်ဟာ နိုင်ငံရဲ့ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ကိယက်ဗ်မြို့မှာ ရှိနေတဲ့ ယူကရိန်း အစိုးရက အကြမ်းဖက် တိုက်ခိုက်လာနိုင်ခြေတွေကနေ လုံးဝဥဿုံ တားဆီးနိုင်တာ သေချာစေဖို့ ဖြစ်တယ်လို့လည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

သင့်တင့်လျောက်ပတ်တဲ့ အခြေအနေမျိုး ရှိလာမယ်ဆိုရင် ရုရှားဟာ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို မနက်ဖြန်တောင် စတင်နိုင်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ