Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် အဓိပတိနဲ့ လူချင်းဆုံဖို့ မျှော်လင့်ကြောင်း ထရမ့်ပြော

တစ်ချိန်ချိန်မှာတော့ အီရန်အစိုးရ အဓိပတိဖြစ်သူ မော့ဂျ်တာဘာ ခါမေနီနဲ့ လူချင်းတွေ့ဖြစ်ဖို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

တစ်ချိန်ချိန်မှာတော့ အီရန်အစိုးရ အဓိပတိဖြစ်သူ မော့ဂျ်တာဘာ ခါမေနီနဲ့ လူချင်းတွေ့ဖြစ်ဖို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့မှာ ထရမ့်က အီရန်နဲ့ စစ်ပြေငြိမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်တဲ့ တိုးတက်မှု အခြေအနေတွေအကြောင်း သတင်းထောက်တွေဆီ အသိပေးခဲ့ပြီး မော့ဂျ်တာဘာ အီရန်ဖက်က ဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ သဘောမျိုး အရိပ်အမြွက် ထုတ်ပြောသွားပါတယ်။

အစောပိုင်းတုန်းကတော့ ထရမ့်က အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အီရန်အစိုးရဖက်က တကယ်တမ်း ဦးဆောင်နေတာ ဘယ်သူလဲဆိုတာ မှန်းဆရ ခက်ခဲနေကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။

လက်ရှိ ဆွေးနွေးမှုတွေအရ အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ဘယ်တော့မှ မကြိုးစားဘူးဆိုတဲ့ အချက်ကို လက်ခံထားပြီဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ တကယ်လို့ ဆွေးနွေးနေဆဲ ကိစ္စတွေ အဆင်ပြေပြေ ဖြစ်သွားခဲ့မယ်ဆိုရင် တစ်ချိန်မှာ သူဟာ မော့ဂျ်တာဘာနဲ့ လူချင်းတွေ့ဖြစ်လောက်တယ်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ဖက်ကတော့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ မကြိုးစားဘူး ဆိုတာကို သဘောတူထားပြီ ဖြစ်တယ်လို့ ထရမ့်က Pod Force One အင်တာဗျူး အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ မော့ဂျ်တာဘာဟာ ဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေကြောင်း၊ အီရန်တွေကြားမှာလည်း သူဟာ လေးစားခံရသူ တစ်ဦးလို့ ယုံကြည်ရကြောင်း ထရမ့်က ဆက်ပြောပါတယ်။

သူကြားထားတဲ့ သတင်းအရဆိုရင် မော့ဂျ်တာဘာဟာ ဆွေးနွေးမှုတွေမှာ အစောပိုင်းက ဟက်ဟက်ပက်ပက် သိပ်မရှိခဲ့ပေမယ့် နောက်တော့ ရလဒ်တွေ တိုးတက်လာစေမယ့် သဘောတူညီမှုတွေအတွက် ခွင့်ပြုခဲ့ကြောင်း၊ လောလောဆယ်တော့ သူဟာ မော့ဂျ်တာဘာနဲ့ တွေ့ဖို့ အခွင့်အရေး မရနိုင်သေးကြောင်း ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ မော့ဂျ်တာဘာကို တွေ့ဖို့ သူ့မှာ ဆန္ဒရှိနေပြီး တစ်ချိန်ချိန်မှာတော့ ဆုံဖြစ်ကြမယ်ထင်ကြောင်း၊ အဲဒါကလည်း ဆွေးနွေးမှု အခြေအနေတွေ ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတဲ့အပေါ် မူတည်နိုင်ကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

မော့ဂျ်တာဘာဟာ အီရန်စစ်ပွဲ ကာလအတွင်း နိုင်ငံရဲ့ အဓိပတိသစ် ဖြစ်လာခဲ့သူပါ။ သူ့ရဲ့ဖခင်ဖြစ်သူ အီရန် အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီကတော့ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး ပထမဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။