Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ နိုင်ပွဲပျောက်နေဆဲဖြစ်တဲ့ တောင်အမေရိကသားတွေ

ကမ္ဘာ့ဖလား အုပ်စု (ဇ) အဖွင့်ပွဲစဉ်မှာတော့ ဥရုဂွေးဟာ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားကို နောက်ကလိုက်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက တောင်အမေရိက အသင်းတွေဟာ နိုင်ပွဲတစ်ပွဲ ရှာတွေ့ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အုပ်စု (ဇ) အဖွင့်ပွဲစဉ်မှာတော့ ဥရုဂွေးဟာ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားကို နောက်ကလိုက်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက တောင်အမေရိက အသင်းတွေဟာ နိုင်ပွဲတစ်ပွဲ ရှာတွေ့ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

တကယ်တော့ တောင်အမေရိက ဆိုတာဟာ ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာ ရေခံမြေခံ အကောင်းဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ဆွတ်ခူးဖူးတာဆိုလို့ ဥရောပနဲ့ တောင်အမေရိက နိုင်ငံတွေသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်တွေမှာတော့ ဘောလုံးအစဉ်အလာကောင်းတဲ့ တောင်အမေရိကသားတွေဟာ မကြုံစဖူး အတော်လေး ရုန်းကန်နေရပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားမှာတော့ တောင်အမေရိက ကိုယ်စားပြု ၆ သင်းထိ ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ပါရာဂွေး၊ ဘရာဇီး၊ အီကွေဒေါနဲ့ ဥရုဂွေး အသင်းတွေကတော့ အဖွင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ပြီးပါပြီ။ အဲဒီထဲမှာ ကမ္ဘာ့ဖလားကို ၅ ကြိမ် ဆွတ်ခူးဖူးတဲ့ ဘရာဇီးရော၊ ဆုဖလား ၂ ကြိမ် ကိုင်မြှောက်ဖူးတဲ့ ဥရုဂွေးပါ ပြိုင်ဘက်တွေကို နောက်ကနေ လိုက်ကစားခဲ့ပြီးမှ သရေ ၁ မှတ်စီ ရခဲ့ကြပါတယ်။ ပါရာဂွေးက အိမ်ရှင် အမေရိကန်ကို လေးဂိုး-တစ်ဂိုးနဲ့ အရှုံးကြီးရှုံးပြီး အီကွေဒေါကလည်း အိုင်ဗရီကို့စ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားပါတယ်။

ဒါကြောင့် ယှဉ်ပြိုင်ပြီးသမျှ တောင်အမေရိက အသင်းအားလုံး နိုင်ပွဲပျောက်နေကြပြီး လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား၊ နောက်ထပ် ဒေသတွင်း နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ ကိုလံဘီယာတို့ကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။ ကိုလံဘီယာက ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မယ့် ဥဇဘက်ကစ္စတန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး အာဂျင်တီးနားက အယ်လ်ဂျီးရီးယားနဲ့ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၃၂ သင်းအစား ၄၈ သင်းအထိ တိုးချဲ့ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပြိုင်ဆိုင်မှုတွေက ပိုပြီး ပြင်းထန်လာသလို အသင်းငယ်တွေရဲ့ ခံကန်အားကြောင့် နာမည်ကြီး အသင်းတွေ အငိုက်မိကုန်တာ၊ အခက်ကြုံသွားတာတွေကို တွေ့နေရပါတယ်။ လောလောလတ်လတ် အနေနဲ့ ကမ္ဘာ့ချန်ပီယံဟောင်း၊ ပြီးတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ စပိန်ဟာ ကမ္ဘာ့ဖလားရဲ့ လူသစ်တန်း ကိပ်ဗာဒီကို ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ တောင်အမေရိက အသင်းတွေ ရုန်းကန်နေရပေမယ့် အာရှတိုက် ကိုယ်စားပြု အသင်းတွေကတော့ မျှော်လင့်ထားတာထက် ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြသနေဆဲပါ။

ဩစတြေးလျ အပါအဝင် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကိုယ်စားပြု ၉ သင်းထိ အခုနှစ် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ၆ သင်းက အဖွင့်ပွဲစဉ်တွေ ကစားပြီး ရှုံးပွဲ မရှိခဲ့ပါဘူး။ တောင်ကိုရီးယားနဲ့ ဩစတြေးလျတို့က ပြိုင်ဘက်တွေကို အသီးသီး အနိုင်ကစားခဲ့သလို ကာတာ၊ ဂျပန်၊ ဆော်ဒီနဲ့ အီရန်တို့ဟာလည်း သရေရလဒ်တွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။

ကိုးကား: FIFA

ဓာတ်ပုံ – Reuters, Getty Images,AP,AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။

နိုင်ငံတကာ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ လက်ရှိ ဖြတ်သန်းမှုဟာ ရှုံးပွဲ မရှိသေးသလို ကျေနပ်စရာ ရလဒ်တွေကို တွေ့မြင်နေရပါတယ်။