Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ ယမန်နေ့ည စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု ပြည်သူ ၉ဦး ဒဏ်ရာရ

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၃၀ရက်) ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သူ ၃ဦး အပါအဝင် ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၃၀ရက်) ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သူ ၃ဦး အပါအဝင် ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။

စက်တင်ဘာ ၃၀ရက် ည ၁၀နာရီခန့်မှစ၍ လားရှိုးမြို့ ရပ်ကွက်(၁၂)၊ မန်နားကျေးရွာသို့ ဖျက်အားပြင်းဗုံးများအသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ဖော်ပြကာ ပြည်သူ ၉ဦး ထိခိုက်ခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ညက ကြဲချတာ လူနေထူထပ်တဲ့ရပ်ကွက်ပါ။ ပြည်သူကိုးဦးထိခိုက်ပါတယ်ရှင့်။ သုံးဦး ဒဏ်ရာ ပြင်းန်လို့ ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေပါတယ်”ဟု လားရှိုးမြို့ဒေသခံ မနော်ဖောက ပြောသည်။

ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်ကောင်စီက လားရှိုးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ယမန်နေ့ည လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် တစ်လအတွင်း စစ်ကောင်စီက လားရှိုးမြို့ကို ၁၀ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၉ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

MNDAA၏ သတင်းထုတ်ပြန်ချက်တွင် စက်တင်ဘာ ၃၀ရက် နံနက်အထိ လေကြောင်းတိုက်ခိုက်ခံရမှု ၉ကြိမ်အတွင်း ပြည်သူ ၃ဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာတွင် ပြည်သူနေထိုင်ရာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

” စစ်ရေးနဲ့ လုံး၀ သက်ဆိုင်ခြင်းမရှိဘဲ လူနေထူထပ်တဲ့နေရာတွေကို ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေကြဲချပြီး လေကြောင်းတိုက်ခိုက်တာ ကတော့ တော်တော့်ကို လူမဆန် လွန်းတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်ရှင့်”ဟု မနော်ဖောက ပြောသည်။

ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း “အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ်တွေက တော်တော်များများ ထိခိုက်ပျက်စီးတယ်လို့ သတင်းရရှိထားပါတယ်။ မနေ့က ကျနော်သုံးသပ်ပြသလိုပါပဲ စစ်ကောင်စီဘက်က လားရှိုးမြို့မှာ MNDAA ရှိနေသရွေ့ဗုံးကြဲတိုက်ခိုက်သွားမယ်ဆိုတဲ့ သက်သေတစ်ခုပေါ့။ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေက ကျနော်တို့ အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာက အဓိက ဖြစ်နေတဲ့အတွက် ဒါတွေက ဘယ်လိုပဲ ပြောပြော နိုင်ငံတကာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ မှတ်ယူရမှာပဲဖြစ်တယ်”ဟု ယမန်နေ့ စက်တင်ဘာ ၃၀ရက်ည လေကြောင်းတိုက်ခိုက်ခံရမှု အပေါ်မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း ကိစ္စများကို ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးက နှုတ်ဆိတ်မနေရန်လည်း ၎င်းက တိုက်တွန်းသည်။

” အခုလို မြန်မာနိုင်ငံမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူလူထုတွေ ရာပေါင်းများစွာ ထိခိုက်သေဆုံးနေတာကို သိလျက်သားနဲ့မြင်နေလျက်သားနဲ့ မြန်မာပြည်မှာ အခြေစိုက်ထားတဲ့ သက်ဆိုင်ရာ UN အဖွဲ့အစည်းတွေ နှုတ်ဆိတ်နေတာလည်း ဒါ တာဝန်ကင်းမဲ့နေတယ်လို့ တာဝန်ပျက်ကွက်နေတယ်လို့ကျနော်ကရှုမြင်တယ်” ဟုလည်း ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook