Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၁ရက်က ဖာပွန်မြို့နယ် ကျေးရွာတစ်ရွာအတွင်း ပစ်ခတ်သည့် လက်နက်ကြီဒကိည် အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mutraw News

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ တိုက်လေယာဉ် ၂စီးသည် ဖာပွန်မြို့ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အတွင်း ဗုံးစံ ၁၀လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အိမ်ယာဟောင်းအနီး ဟင်းသီးဟင်းရွက်ရှာဖွေနေသည့် အသက်(၅၀) အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသမီးသည် ကလေး ၆ဦး၏ မိခင်ဖြစ်ကြောင်း တပ်မဟာ(၅) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် ဖာပွန်အပါအဝင် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

KNUတပ်မဟာ(၅)နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဖာပွန်မြို့သိမ်းတိုက်ပွဲကို ယခုနှစ်မတ်လမှစတင်ခဲ့ရာ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ဆုတ်ခွာသွား၍ မြို့ကို ထိန်းချုပ်ထားသည်။

စစ်ကောင်စီ၏ ဗျူဟာစခန်းအပါအဝင် ဖာပွန်မြို့နယ်အတွင်း လက်ကျန် စစ်ကောင်စီတပ်စခန်းများအား ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယခင်က ပြောကြားထားသည်။

လက်ရှိ စစ်ရေး အခြေအနေများ မေးမြန်းရန် ဗိုလ်မှူးကြီးစောကလယ်ဒိုထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KNU တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့သည်ဖာပွန်ရှိစစ်ကောင်စီတပ်ရင်းဌာနချုပ်အပါအဝင် တပ်စခန်းအများကို သိမ်းပိုက်ရရှိထားသကဲ့သို့ စစ်ကောင်စီက စခန်းစွန့် သွားသည့် တပ်စခန်းများလည်းရှိခဲ့သည်။ ယခုလပိုင်းများအတွင်း စစ်ကောင်စီက ၎င်းတို့ ဆုံးရှုံးထားသည့် တပ်စခန်းနေရာများသို့ ထိုးစစ်ဆင်မှုများ ရှိ၍ တိုက်ပွဲဖြစ်ပွားမှု အချို့ရှိနေသည်ဟုလည်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။