Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ် ရွှေကျွန်းပင်ရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေကျွန်းပင်ရွာပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရောင်နီနွေဦး

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (စက်တင်ဘာ ၂၈ရက်) ညက ရွှေကျွန်းပင်ကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အသက် (၁၆)နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အသက် (၅၀)အရွယ်နှင့်အသက်(၂၉)အရွယ် အမျိုးသမီး၂ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က ပြောသည်။

“ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချခဲ့တာပါ။ တစ်ဦးသေပြီး နှစ်ဦးက ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မစိုးရိမ်ရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ် ၄လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

သြဂုတ် ၃၁ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနှင့် စဥ့်ကူးမြို့နယ်၊ သီလှရွာ၊ ကြို့ပင်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ၆ဦး သေဆုံးခဲ့သည်။

သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားကိုလည်း ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

သြဂုတ်နှင့် စက်တင်ဘာအတွင်း သပိတ်ကျင်းမြို့နယ်အတွင်း၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသပိတ်ကျင်းပကဖက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုရန် ကာကွယ်ရန် ဗုံးခိုကျင်းများတူးထားကြရန် ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။