Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို နာရီပိုင်းအတွင်း စစ်ကောင်စီ လေကြောင်းမှ လေးကြိမ်တိုက်ခိုက်

စစ်ကောင်စီသည် လားရှိုးမြို့ကို ယနေ့ နံနက်စော ၂နာရီ ၁၃မိနစ်မှ ၅နာရီ ၂၀မိနစ်အတွင်း တိုက်လေ‌ယာဉ်လေးစင်းဖြင့် လေ‌ကြောင်းမှ လေးကြိမ်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၄ရက်က လားရှိုးမြို့ကို စစ်​ကောင်စီ ဗုံးကြဲပြီး​နောက် အပျက်အစီးများကို​ တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးပြန်လည်ထူထောင်ရေး​ FB

လူအေး/People’s Spring

စစ်ကောင်စီသည် လားရှိုးမြို့ကို ယနေ့ နံနက်စော ၂နာရီ ၁၃မိနစ်မှ ၅နာရီ ၂၀မိနစ်အတွင်း တိုက်လေ‌ယာဉ်လေးစင်းဖြင့် လေ‌ကြောင်းမှ လေးကြိမ်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားသော လားရှိုးမြို့ကို နံနက် ၂နာရီ ၁၃မိနစ်၊ ၄နာရီ ၈မိနစ်၊ ၄နာရီ ၁၅ မိနစ်၊ ၅နာရီ ၂၀မိနစ်တို့တွင် လေကြောင်းတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

” ဂျက်ဖိုက်တာတွေနဲ့ လာပစ်တာ။ ရပ်ကွက် ၈ထဲကိုအများဆုံးကြဲတာ။ ထိခိုက်တာတွေကို မသိနိုင်ဘူး။ စစ်တပ်က ဒီလိုတိုက်ခိုက်နေတာကို MNDAA အနေနဲ့ တခုခု တုန့်ပြန်သင့်တယ်လို့ ထင်တယ်”ဟု မြို့ခံတစ်ဦး‌က ပြောသည်။

စစ်ကောင်စီသည် ဩဂုတ် ၃၀ရက်မှ စက်တင်ဘာ ၃၀ရက် တစ်လအတွင်း လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

မြို့ပေါ်ရပ်ကွက်များတွင် သုံးဦးသေဆုံးခဲ့ပြီး တစ်မြို့နယ်လုံးအတိုင်းအတာအားဖြင့် အရပ်သား ကိုးဦးသေဆုံးကာ ၅၀ကျော်ဒဏ်ရာရခဲ့သည်။ အထပ်မြင့်အဆောက်အဦးများနှင့် နေအိမ်များ ပျက်စီးခဲ့သည်။

အောက်တိုဘာ ၁ရက်မှစ၍ ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ရာ ယင်းနေ့မှစ၍ လေကြောင်း တိုက်ခိုက်မှုမရှိတော့ဘဲ သုံးရက်အကြာတွက် နောက်တစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် လားရှိုးမြို့ပြန်လည်ထူထောင်ရေးအတွက် အတားအဆီးဖြစ်စေသလို ဒေသခံများ ပြန်လာပြီး ပြန်လည်စည်ကားလာသည့် လားရှိုးမြို့ကို လေကြောင်းပစ်မှတ်အဖြစ် တိုက်ခိုက်နေခြင်းဟု MNDAAက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။