Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သားတစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

အောက်တိုဘာ ၁၀ရက် နံနက်စော ၃နာရီခွဲတွင် မုံးစီးမြို့နယ် ရေပူစမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နေရာသည် မုံးစီးနှင့် တာမိုးညဲ ဒေသနေပြည်သူများ၏ အပန်းဖြေစခန်းနေရာ တစ်ခုသာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်ကြောင်း၊ ပြည်သူလူထုဦးတည်ကာ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့ကို သြဂုတ် ၇ရက်နှင့် ဩဂုတ် ၅ရက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ဦးသေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့ပြီး ကွတ်ခိုင်မြို့မစျေးမှဆိုင်ခန်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု TNLAက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် TNLAနှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ သိမ်းပိုက်ထားသည့်မြို့ရွာများအား တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာအရပ်သား ပြည်သူသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook