Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနှင့် နွားထိုးကြီးတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပြည်သူနှစ်ဦးနှင့် PDF ရဲဘော် ၅ဦးကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးနှင့် PDF ရဲဘော် ၅ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရွာကြီးကျေးရွာမှနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးနှင့် PDF ရဲဘော် ၅ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၅ ရက် ည ၈နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပင် မြင်းခြံမြို့နယ်၊ ထိန်ပန်းရွာနှင့် မကျီးစုကျေးရွာကြား၌ စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ ရဲဘော် ၅ ဦးနှင့် ပြည်သူတစ်ဦး သေဆုံးကြောင်း မြင်းခြံအခြေစိုက် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

“Local PDF စခန်းငယ်ပေါ့။ ရွာကြီးရွာသစ်နဲ့တချိန်တည်းချသွားတာ။ တိုက်ပွဲတွေဘာတွေမရှိဘူး။ ဘလိုင်းကြီးကြဲသွားတာ။ ရဲဘော်တစ်ယောက်ဒဏ်ရာရတယ်။ မပြင်းထန်ပါဘူး။”ဟု ၎င်းကဆိုသည်။

ကျဆုံးရဲဘော်များ၏ အဖွဲ့အစည်းအမည်များကိုမူ စုံစမ်းနေပြီး လက်တလော မသိရသေးပေ။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရွာကြီးကျေးရွာမှနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ – CJ

ရွာကြီးကျေးရွာသစ် လေကြောင်းတိုက်ခိုက်မှုတွင် နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ရက်ညကလည်း နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာကို စစ်ကောင်စီက

လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် ၄ဦး သေဆုံးခဲ့သေးသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြား တိုက်ခိုက်ခံရပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပါ ပြိုလဲခဲ့သည်။

စစ်ကောင်စီကလည်း ကျေးရွာအများအပြားအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook