Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီ ယနေ့ ထပ်မံလေကြောင်း တိုက်ခိုက်၍ ဒေသခံသုံးဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ် ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့နေ့လည်ပိုင်းတွင် ထပ်မံလေကြောင်းတိုက်ခိုက် ခဲ့၍ ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့ဟု TNLAက အသိပေးသည်။

နောင်ချိုမြို့အား ယနေ့နေ့လည်ပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

မိုးမိုး/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ် ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့နေ့လည်ပိုင်းတွင် ထပ်မံလေကြောင်းတိုက်ခိုက် ခဲ့၍ ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့ဟု TNLAက အသိပေးသည်။

ယနေ့ (အောက်တိုဘာ ၁၉ရက်) နံနက်အစောတွင် စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် နေ့လည်ပိုင်းတွင် ထပ်မံတိုက်ခိုက်လာခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့ ပါဟတ်ရပ်ကွက်ကို ယနေ့နေ့လည် ၂နာရီ ၅မိနစ်တွင် တိုက်လေယာဉ် ၂စီးဖြင့် ဖျက်အားပြင်းပေါင် ၅၀၀ဗုံး ၊ ပေါင် ၃၀၀ဗုံးများဖြင့်ကြဲချတိုက်ခိုက်ရာ နေအိမ် ၁၀လုံးပျက်စီးခဲ့ပြီး ဒေသခံ သုံးဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။

ယနေ့နံနက် လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက်(၈)နှစ်အရွယ် ကလေးငယ် အပါအဝင်သားအဖ သုံးဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ယနေ့ နောင်ချိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၃ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များအား TNLA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်သည် လေကြောင်းမှတစ်ဆင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကိုးကန့် တပ်မတော် (MNDAA) ထိန်းချုပ်ရာ လောက်ကိုင်မြို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာ အနီးကိုလည်း ယနေ့ လေကြောင်း တိုက်ခိုက်ခဲ့ရာ လိုင်ဇာအနီးတိုက်ခိုက်ခံရမှု

တွင် ဒေသခံ ၂ဦးသေဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးအရ ရှုံးနိမ့်ခဲ့သည့် နယ်မြေများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရှမ်းမြောက်၊ ကချင်၊ရက္ခိုင်၊ကရင်နီ၊ စစ်ကိုင်း၊မကွေး၊ ကရင် အပါအဝင် ဒေသအသီးသီး၌ ပြည်သူလူထု သေဆုံးထိခိုက်မှုများ မြင့်တက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။