Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ၂၇ရက်) နံနက် ၇နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်သွားသည်။

စက်တင်ဘာ ၆ရက်က နမ့်ခမ်းမြို့‌ကို စစ် ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

လူအေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ၂၇ရက်) နံနက် ၇နာရီခွဲခန့်တွင် လေကြောင်းမှ တိုက်ခိုက်သွားသည်။

စစ်ကောင်စီလေယာဉ်ဝဲပြီးနောက် ပေါက်ကွဲသံသုံးကြိမ်ကြားရပြီး မည်သည့်နေရာတိုက်ခိုက်ခံရသည်ကို မသိရသေးကြောင်း မြို့ခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“ဗုံးကြဲလေယာဉ်တွေ ခေါက်တုံ့ခေါက်ပြန် ဆက်ဝဲနေတယ်။ အပြင်ကိုဘယ်သူမှမထွက်ရဲပါဘူး။ ပေါက်ကွဲသံရော ပစ်ခတ်သံပါ ကြားရတာပါ”ဟု နမ့်ခမ်းမြို့ ညဈေးအနီးနေသူတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုကို မသိရသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် နံနက်ကလည်း ပထမဆုံးအကြိမ် နမ့်ခမ်းမြို့‌ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးငယ်အချို့အပါအဝင် ဒေသခံ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့သည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖော် ဆောင်ခဲ့သည့်၁၀၂၇စစ်ဆင်ရေး (၁)နှစ်ပြည့်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်မြို့ကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။