Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က အင်းတဲကျေးရွာ မီးရှို့ဖျက်ဆီး

ဓါးစာခံဖမ်းဆီးခံထားရသူများတွင် အမျိုးသမီး ၄၀ဦးကျော်၊ အမျိုးသား ၂၀ မှ ၃၀ခန့် အထိ ဖမ်းဆီးခံထားရပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲများက ပြောသည်။

(ဘုတလင်မြို့နယ်ရှိ အင်းတဲရွာကို မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဥ်။ဓာတ်ပုံ-ရွာဇော်ကြီး)
(ဘုတလင်မြို့နယ်ရှိ အင်းတဲရွာကို မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဥ်။ဓာတ်ပုံ-ရွာဇော်ကြီး)

▪️အမျိုးသမီးငယ်များအပါအဝင် ဓားစာခံ ပြည်သူ ၇၀ကျော်ကို ဆက်လက်ဖမ်းဆီးထား

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တကျော့ပြန် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က အင်းတဲကျေးရွာ မီးရှို့ဖျက်ဆီးပြီး အမျိုးသမီးငယ်များအပါအဝင် ဓားစာခံပြည်သူ ၇၀ကျော်ကို ဆက်လက်ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက်က တကျော့ပြန် စစ်ကြောင်းထိုးနေသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ (အောက်တိုဘာ ၂၉ရက်)ညနေပိုင်းက အင်းတဲကျေးရွာကို မီးရှို့နေပြီး ယနေ့နံနက်ပိုင်းအထိ စစ်ကြောင်းထွက်ခွာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“မီးရှို့တာ ငါးအိမ်လောက်ပါသွားတယ်။ အခုမနက် ဂန်း(သေနတ်)တွေတော့ ရမ်းဖောက်နေတယ်။ ထွက်ခွာခြင်းတော့ မရှိသေးဘူး။”ဟု ဘုတလင်အခြေစိုက် ရွာဇော်ကြီး၏ တော်လှန်အသံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းသည် (၁၈)မိုင်ခန့်အကွာရှိ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)သို့ ပြန်ဆုတ်မည့်အခြေအနေရှိ၍ အဆိုပါ လမ်းကြောင်းရှိ ကျေးရွာအများအပြား ကြိုတင်တိမ်းရှောင်နေကြောင်း ဘုတလင်အခြေစိုက်ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

“နမခကိုပြန်မယ်လို့ ခန့်မှန်းတယ်။ ပြန်တယ်ဆိုတာက လမ်းကြောင်းတလျှောက် ရှင်းလင်းရင်းနဲ့ပေါ့။ အနောက်ဘက်နဲ့ မြောက်ဘက်တွေက တော်တော်များများ ရှင်းလင်းပြီးသွားပြီ။ အရှေ့တောင်ဘက်နဲ့ နမခတကြောက မလျှောက် ခဲ့ရသေးဘူး။ အင်းတဲအရှေ့ဘက် ပေလမ်းတလျှောက်ကနေ ဝင်မယ်ပဲထင်တယ်။”ဟု ဘုတလင်အခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဓါးစာခံဖမ်းဆီးခံထားရသူများတွင် အမျိုးသမီး ၄၀ဦးကျော်၊ အမျိုးသား ၂၀ မှ ၃၀ခန့် အထိ ဖမ်းဆီးခံထားရပြီး အများစုမှာ လူငယ်များဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲများက ပြောသည်။

“တချို့ ဓါးစာခံက ဆယ်ရက်ကျော်ပြီ။ ပထမတစ်ခေါက်ကတည်းက ခေါ်သွားလိုက်တာ အခုဆို ၁၈ရက်လောက်ရှိပြီထင်တယ်။ လွှတ်ပေးတာက လေးယောက်လောက်ပဲ ရှိသေးတာ။”ဟု ဘုတလင်အခြေစိုက် ကာကွယ်ရေးရဲဘော်က ပြောသည်။

အဆိုပါစစ်ကြောင်းအား ကာကွယ်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှုအဖြစ် မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

စက်တင်ဘာ ၃ဝရက်က ဘုတလင်မြို့နယ်အတွင်း စစ်​ကောင်စီစစ်ကြောင်းတစ်ကြောင်းလုံး ပျောက်ဆုံးအောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများအား အောက်တိုဘာ ၁၁ရက်မှစတင်ကာ စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းတစ်လျှောက် ဒေသခံပြည်သူ ၂၄ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး သုံးဦးထက်မနည်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက အိမ်ခြေများကိုပါ မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာခြောက်ရွာထက်မနည်းမှ နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ထို့အပြင် ဘုတလင်နယ်အတွင်းရှိ ကျေးရွာအများအပြားမှ ပြည်သူထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခါများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook