Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်နှစ်ဦးကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-ပြည်သူ့ဒီမိုကရက်တစ်တပ်တော်)
(ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-ပြည်သူ့ဒီမိုကရက်တစ်တပ်တော်)

ဟာနာဆန်/People’s Spring

နိုဝင်ဘာ ၆ရက်က ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ် ၊ ဖလံအိုကျေးရွာ၌ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဧရာ‌ဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်ဆင်ကြီး (ခ) မြို့လှိုင် နှင့် ရဲဘော်မီးလက်ဝါး (ခ) ချမ်းမြေ့ဦး တို့ ကျဆုံးခဲ့ရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က သတင်းထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးသည် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ စစ်သင်တန်းအား တက်ရောက်အောင်မြင်ထားပြီး အသက်ရှိစဥ်အတွင်း အဖိနှိပ်ခံပြည်သူလူထုဘက်မှ ရပ်တည်၍ ဖက်ဆစ်စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ထိုနေ့က ဖလံအိုကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျောင်းအဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မြစ်ခြေမြောက်ဘက်က ဖလံအို၊ ဇီးကုန်း၊ ရှင်မကန်ဘက်တွေ ကျဲသွားတာ။”ဟု ​ဒေသခံတစ်ဦးက ပြောသည်။

ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ပတ်သက်၍ ဧရာ‌ဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၂ရက်ကလည်း မြစ်ခြေမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook