Connect with us

Hi, what are you looking for?

သတင်း

နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ

စခန်းသိမ်းပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောပါတယ်။

နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ
နှစ် ၇၀ ကြာ တပ်စွဲထားတဲ့ ဖာပွန်က ကူးဆိပ် စခန်း ကို KNU သိမ်းယူ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့အနီးက စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းကို KNU တပ်မဟာ(၅) နဲ့ ပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၉ ရက်က တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက အတည်ပြုပါတယ်။

ဖာပွန်မြို့ တောင်ဘက် ၇ မိုင်ခန့်အကွာမှာ ဖာပွန် – ကတိုင်တိ – ကမမောင်းကားလမ်းပေါ်က ကူးဆိပ် စခန်းကို နိုဝင်ဘာလ ၆ ရက် မနက် ၈ နာရီမှာ KNU နဲ့ ပူးပေါင်းတပ် က စတင်တိုက်ခိုက်ပြီး နိုဝင်ဘာလ ၉ ရက် ညနေပိုင်း စခန်းသိမ်းနိုင်ခဲ့တာပါ။

ကူးဆိပ်တပ်စခန်းက ၁၉၅၄ – ၅၅ ခုနစ်တွေကတည်းက စစ်တပ်က နေရာယူ တပ်စွဲထားခဲ့တဲ့ သက်တမ်းရင့် စခန်း ဖြစ်တယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းသိမ်းတိုက်ပွဲမှာစစ်သား ရုပ်အလောင်း ၈ လောင်းတွေ့ရပြီး ပခုံးထမ်း အာပီဂျီ ၃ လက်နဲ့ အခြားသော လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

စခန်းသိမ်းပြီးနောက် စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်းကလည်း ဖာပွန်မြို့အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မှာ တည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ခေါပုတ်စခန်းကို KNU ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့ပါသေးတယ်။

အခု ကူးဆိပ်စခန်းကို သိမ်းယူလိုက်ပေမယ့် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမပေါ်မှာ မထော၊ တောင်သုံးလုံး၊ ကတိုင်တိ၊ ကမမောင်းဗျူဟာ၊ BGF တပ်စခန်းတွေ ရှိနေသလို ဖာပွန်မြို့အနီးမှာလည်း အခြေချ စစ်ဗျုဟာကျန် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။