Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ခရိုင်ရှိ PDFနှင့်ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းကြောင်း ကြေညာ

ထားဝယ်ခရိုင်အတွင်း၌ MOD​၏ လက်အောက်ခံ PDFတပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ်သည်။

(ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DDP2)
(ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DDP2)

ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တပ်ဖွဲ့များ စုပေါင်းပြီး ထားဝယ်ခရိုင်တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာတပ်ရင်းမှူးနှင့် တာဝန်ခံများလက်မှတ်ရေးထိုးပြီး ယနေ့(နိုဝင်ဘာ ၂၄ရက်) တွင် ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်း၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကို အောက်တိုဘာ ၂၈ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု အသိပေးသည်။

(ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DDP2)
(ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – DDP2)

ထားဝယ်ခရိုင်အတွင်း၌ MOD​၏ လက်အောက်ခံ PDFတပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

” အရင်ကဆို PDF၊ ပကဖ ပူးပေါင်းပြီး စစ်ဆင်ရေးတွေလုပ်တာရှိပေမဲ့ သိပ်ပြီးတော့ထိရောက်မှုမရှိဘူးပေါ့။ အထူးသဖြင့် တိုက်ပွဲအတွင်း အမိန့်ပေးကွပ်ကဲတဲ့ အပိုင်းမှာ ပြဿနာရှိတာတွေ့ရတယ်။ အခု ပူးပေါင်းပြီး တပ်ပေါင်းစုဖွဲ့လိုက်တဲ့ခါကျတော့ စုဖွဲ့မှုအရ၊ စစ်ရေးအရ ပိုပြီး အားကောင်းလာမယ့်အပြင် တိုက်ပွဲအတွင်း အမိန့်ပေးကွပ်ကဲမှုကလဲ ပိုပြီးတော့ အားကောင်းလာမယ်လို့ ယူဆပါတယ်”ဟု ထားဝယ်ခရိုင် အတွင်း စစ်ရေးလေ့လာနေသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ MODလက်အောက်ရှိ ခရိုင်တစ်ခုအတွင်း တပ်ဖွဲ့များစုပေါင်းမှု အသိပေးကြေညာမှုမှာ ထားဝယ်ခရိုင်က ပထမဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ အမိန့်တစ်ခုတည်းအောက် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် အတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထို့ပြင် ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန် တိုက်ခိုက်နိုင်ရန်နှင့် တူညီသောဘုံရည်မှန်းချက် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင် ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒေသအခြေပြု လက်နက်ကိုင်အင်အားစုများ(Local PDF)၊ ထောက်ပို့အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ၊ သတင်း မီဒီယာကွန် ယက်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည်ဟု ဆိုသည်။

အပြန်အလှန် ယုံကြည်မှုလေးစားမှုနှင့် ဖေးမကူညီထိန်းကျောင်းသွားကြပြီး စည်းလုံးညီညွတ်စွာပူးပေါင်း၍ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း အသိပေးကြေညာသည်။

ထိုကဲ့သို့ တပ်ပေါင်းစုဖွဲ့မှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (MOD)ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။