Connect with us

Hi, what are you looking for?

သတင်း

လုမ်သဲပြည်သူ့ဆေးရုံလေကြောင်းတိုက်ခိုက်မှု ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးဟု ချင်းပြည်အစိုးရ ထုတ်ပြန်

စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ကြေညာသည်။

(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - The Chin Post)
(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - The Chin Post)

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်း နှစ်ဦး အပါအဝင်ပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရက သတင်းထုတ်ပြန်သည်။

လုမ်သဲပြည်သူ့ဆေးရုံပျက်စီးဆုံးရှုံးမှုနှင့် အပြစ်မဲ့ ပြည်သူများသေဆုံးမှုအပေါ် လွန်စွာဝမ်းနည်းကြောင်း ဖော်ပြသည်။

(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - The Chin Post)
(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – The Chin Post)

နိုဝင်ဘာ ၂၆ရက်တွင် လုမ်သဲပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့၍ ဆေးရုံ အဆောက်အဦးနှင့်အနီးနားရှိ ပြည်သူ့နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ပြီး လူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အပြစ်မဲ့ပြည်သူများနှင့် ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်ကျူးလွန်မှုအား ပြင်းထန်စွာရှုတ်ချကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး ချင်းပြည်ရှိအပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်သည့်အပြင် လူမျိုးတုံးသတ်ဖြတ်မှုများကို ရက်စက်စွာကျူးလွန်နေကြောင်းလည်း ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - The Chin Post)
(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – The Chin Post)

လုမ်သဲပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ချင်းပြည်အစိုးရမှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ထို့ပြင် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ကြေညာသည်။

လုမ်သဲဆေးရုံတိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သူများအနက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ရဲဘော်များလည်း ပါဝင်ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ကနဦးပြောပြထားသည်။

CNDFသည် ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး မဟာမိတ်များနှင့်အတူ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။

နိုဝင်ဘာ ၉ရက်မှစ၍ ဖလမ်းမြို့ကို ချင်းညီနောင် မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး အောင်မြင်မှုများရရှိထားကြောင်း ချင်းညီနောင် တာဝန်ရှိသူအချို့က ပြောကြားထားသည်။

(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - The Chin Post)
(ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ – The Chin Post)

ယခု လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းညီနောင်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ဒေသကာကွယ်ရေးတပ်များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရအဖြစ် ဖွဲ့စည်းကာ တော်လှန်ရေးဆင်နွှဲနေသည်။ ထို့အပြင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့ပါဝင်သည့် ချင်းညီနောင်ကလည်း မဟာမိတ် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းကာ မြို့သိမ်း စစ်ဆင်ရေးများ ဆင်နွှဲအောင်မြင်မှုရရှိထားသည်။

မတူပီ မြို့နှင့် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ချင်းညီနောင်မဟာမိတ်များက သိမ်းပိုက် ထားပြီး လက်ရှိတွင် ဖလမ်းနှင့်မင်းတပ်မြို့သိမ်းဆင်နွှဲလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook