Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမဖြတ်လမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းကွင်းမိပြီး အထိနာ

စစ်ကောင်စီတပ်သားများသည် ဘန့်ဘွေးကုန်းမှ ကိုဟန်ထွန်းနှင့် ၎င်း၏အစ်ကို၊ ရွာသာယာမှ ကိုဇေယျာမျိုး၊ ကိုစိုင်းသူအောင်နှင့် ကိုကျော်မင်းထွဠ် ဆိုသူတို့ကို ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရသည်။

(မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် စစ်ဆင်ရေးလုပ်နေသော တော်လှန်ရေးရဲဘော်အချို့နှင့် စစ်တပ်စစ်ဆေးရေးဂိတ်ဟောင်းတခုကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် စစ်ဆင်ရေးလုပ်နေသော တော်လှန်ရေးရဲဘော်အချို့နှင့် စစ်တပ်စစ်ဆေးရေးဂိတ်ဟောင်းတခုကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပိုင်းတွင် စစ်​ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၇ ရက် နံနက် ၆နာရီခွဲက မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း ခါချဥ်တောင်ပေါ်သို့ တက်လာသည့် အင်အား (၈၀)ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီး၌ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ (၄၀)ဦးခန့် နေရာတွင် သေဆုံးပြီး (၁၅)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု မိနစ်(၃၀)ခန့် ဖြစ်ပွားခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် စစ်ဆင်ရေးလုပ်နေသော တော်လှန်ရေးရဲဘော်အချို့နှင့် စစ်တပ်စစ်ဆေးရေးဂိတ်ဟောင်းတခုကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် စစ်ဆင်ရေးလုပ်နေသော တော်လှန်ရေးရဲဘော်အချို့နှင့် စစ်တပ်စစ်ဆေးရေးဂိတ်ဟောင်းတခုကို တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

“မိုင်းက ကျနော်တို့ ၃တန်းတွဲပေါ့။ တတန်းကို အသေးက ၁၀လုံး၊ အကြီးက ၃လုံးပါတယ်။ အဲဒါမျိုး ၃ တန်းပေါ့။ ဒီကောင်တွေ မိုင်းကွင်းထဲ ဝင်လဲဝင် မိုင်းလဲရှာနေတဲ့အချိန် ကျနော်တို့ကောက်ဆွဲ(မိုင်းခွဲ)လိုက်တာ”ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ခန့်ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာရာ စစ်ကောင်စီတပ်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများအား ပြန်သယ်ရန် ရိုးမအစပ်ရှိ ဘန့်ဘွေးကုန်ရွာနှင့် ရွာသာယာရွာများမှ ကားသမားနှင့် ဆိုင်ကယ်သမားများကို ပေါ်တာဆွဲဖမ်းဆီးမှုများရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများသည် ဘန့်ဘွေးကုန်းမှ ကိုဟန်ထွန်းနှင့် ၎င်း၏အစ်ကို၊ ရွာသာယာမှ ကိုဇေယျာမျိုး၊ ကိုစိုင်းသူအောင်နှင့် ကိုကျော်မင်းထွဠ် ဆိုသူတို့ကို ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရသည်။

(မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် စစ်ဆင်ရေးလုပ်နေသော တော်လှန်ရေးရဲဘော်အချို့နှင့် စစ်တပ်စစ်ဆေးရေးဂိတ်ဟောင်းတခုကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် စစ်ဆင်ရေးလုပ်နေသော တော်လှန်ရေးရဲဘော်အချို့နှင့် စစ်တပ်စစ်ဆေးရေးဂိတ်ဟောင်းတခုကို တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

ထို့အပြင် စစ်ကောင်စီတပ်က သေဆုံးနှင့် ဒဏ်ရာရသူ များကို ပြန်လည်သယ်ဆောင်မည်ပြုစဥ် ကားနှင့်မဆံ့သောကြောင့် ရုပ်အလောင်းအချို့ကို တိုက်ပွဲဖြစ်ပွားရာတောင်စောင်းမှ ခြောက်ထဲသို့ တွန်းချခဲ့သည်များလည်းရှိသည်ဟု တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ဒီကောင်တွေပြန်ဆုတ်သွားတဲ့အချိန်မှာ နယ် မြေရှင်းလင်းရေးမလုပ်ရသေးလို့ အလောင်းတွေတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ အဲဒီအနီးဝန်းကျင်မှာ အပုတ်နံ့တွေ တော်တော်ထွက်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိတွင် စစ်ကောင်စီလက်ကျန်စစ်ကြောင်းမှာ မင်းလှမြို့ ခလရ(၁)တပ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း စုံစမ်းသိရသည်။

ထို့အပြင် တိုက်ပွဲများ ဖြစ်လာနိုင်ပြီး စစ်တပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေနှင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook