Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရ

စစ်ရေးတိုက်ခိုက်မှုများကို ထား၀ယ်ခရိုင် PDF တပ်ရင်း အမှတ်(၁)၊အမှတ် (၂)၊ အရိပ်မဲ့အထူးပြောက်ကျားတပ်ဖွဲ့နှင့်လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များက ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ − ပေးပို့)
(လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ − ပေးပို့)

ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်ဘက်မှ လောင်းလုံးမြို့ဘက်သို့ အင်အား ၁၀၀ကျော်ဖြင့် ခြေကျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀နာရီခန့်က မင်းရပ်ကျေးရွာအနီး အနောက်ဘက်တောင်ကြော၌ တော်လှန်ရေးပူးပေါင်းတိုက်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှု​အတွင်း စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် (ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဒီဇင်ဘာ ၁၃ရက် နံနက်၂ နာရီခွဲခန့်တွင် မင်းရွာအနောက်ဘက်တောင်ကြောအတိုင်း ဆက်ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို လမ်းမှစောင့်ကြို၍ ဒုတိယအကြိမ်မြောက် ထပ်မံမိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရသွားပြီး သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။

“(မိုင်းဆွဲတိုက်ခိုက်မှု)၂ ကြိမ်စလုံး မင်းရပ်ရွာအနောက်ဘက် တောင်ကြောမှာပါ။ ​အင်အား ၁၂၀ ၀န်းကျင်လောက် ပါတယ်။ စစ်ကြောင်း သုံးကြောင်းခွဲပြီးလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ”ဟု လောင်းလုံးမြို့နယ်(ပကဖ)တာဝန် ရှိသူက လူထုနွေဦးသို့ ပြောသည်။

နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို ထားဝယ်မြို့ဘက်သို့ ကားဖြင့် ပြန်လည်သယ်ဆောင်သွားပြီး အခြားစစ်ကောင်စီတပ် သားများမှာလည်း လောင်းလုံးမြို့ဘက်ဆက်မတက်တော့ဘဲ ထားဝယ်ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ထို့အပြင် စစ်ကောင်စီတပ်များ စတင်စစ်ကြောင်းထိုးဝင်ရောက်ချိန် ဖြတ်သန်းဝင်ရောက်ခဲ့သော ကျေးရွာများမှ ဒေသခံပြည်သူ ၁၀ဦးခန့်အား ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ရာ တပ်ဆုတ်ချိန် ပြန်လွှတ်ပေးခဲ့သည်ဟု ပြောဆိုမှုများရှိသော်လည်း ဓားစာခံများပြန်လွတ်၊မလွတ်ကိုမူ လူဦးနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကို ထား၀ယ်ခရိုင် PDF တပ်ရင်း အမှတ်(၁)၊အမှတ် (၂)၊ အရိပ်မဲ့အထူးပြောက်ကျားတပ်ဖွဲ့နှင့်လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များက ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။