Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရေးပေါ် ဘတ်ဂျတ်သစ်ကို အမေရိကန် လွှတ်တော် သဘောတူ၊ အစိုးရ ယန္တရား ရပ်နေမယ့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့

သတ်မှတ်ထားတဲ့ အသုံးစရိတ် ကုန်သွားလို့ အစိုးရနဲ့ လွှတ်တော် လုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ့် အခြေအနေကို အမေရိကန် လွှတ်တော် အမတ်တွေ ညှိနှိုင်းပြီး ကျော်လွှားနိုင်ခဲ့ကြပါတယ်။

သတ်မှတ်ထားတဲ့ အသုံးစရိတ် ကုန်သွားလို့ အစိုးရနဲ့ လွှတ်တော် လုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ့် အခြေအနေကို အမေရိကန် လွှတ်တော် အမတ်တွေ ညှိနှိုင်းပြီး ကျော်လွှားနိုင်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ ညပိုင်းတုန်းက ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့၊ ဒေါ်နယ်လ်ထရမ့် ဦးဆောင်တဲ့ အစိုးရသစ် အာဏာရမလာခင်မှာ အစိုးရ ယန္တရား ရပ်ဆိုင်းမသွားတာ သေချာစေမယ့် အရေးပေါ် ဘဏ္ဍာရေး သဘောတူညီချက် အသစ်တွေကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါဟာ ဘတ်ဂျတ်အသစ် အတည်မပြုနိုင်ရင် အစိုးရ ယန္တရား ရပ်ဆိုင်းသွားဖို့ သတ်မှတ်ထားတဲ့ အချိန် မတိုင်ခင် ၃ နာရီလောက် အလိုမှာ အဲဒီ အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

စာမျက်နှာ ၁၅၀၀ ပါဝင်တဲ့ သဘောတူညီချက်အရ မတ်လ ၁၄ ရက်နေ့ထိ အရေးပေါ် ဘတ်ဂျတ်ကို သတ်မှတ်ပေးထားမှာဖြစ်ပြီး အသစ်တက်လာမယ့် အစိုးရဟာ ဘတ်ဂျတ်အသစ်အတွက် ဆွေးနွေး အတည်ပြုနိုင်အောင် အချိန်ရလာမှာပါ။ ပြီးတော့ လယ်ယာ စိုက်ပျိုးရေး ထောက်ပံ့ငွေတွေကို တစ်နှစ် သက်တမ်းတိုးပေးတာ၊ သဘာဝ ဘေးအန္တရာယ်တွေအတွက် ကူညီရေး ရန်ပုံငွေ ဒေါ်လာ ၁၀၀ ဘီလီယံ လျာထားတာ၊ လယ်သမားတွေအတွက် စီးပွားရေး ထောက်ပံ့ငွေ ဒေါ်လာ ၁၀ ဘီလီယံ သတ်မှတ်ထားတာ၊ ဖက်ဒရယ် အေဂျင်စီတွေကို စီမံခန့်ခွဲဖို့ ဒေါ်လာ ၃၀ ဘီလီယံ စသဖြင့် ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်းထားပါတယ်။

နှစ်ဖက် နိုင်ငံရေး အင်အားစုတွေကြား အရေးပေါ် ဘတ်ဂျတ်ကိစ္စ ဆွေးနွေးကြရာမှာ စိုက်ပျိုးရေး ထောက်ပံ့မှု ရန်ပုံငွေ သတ်မှတ်ချက်ဟာ လက်ပေါက်အကပ်ဆုံး အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပြီး ရီပတ်ဘလစ်ကန် အမတ်တချို့က ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီဝင်တွေဟာ အရေးပေါ် ဘတ်ဂျတ်သစ်ကို ဘယ်လို ပိုင်းခြား အသုံးပြုမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းခဲ့ကြပြီး လယ်ယာ အစီအမံတွေမှာ ကုန်စျေးနှုန်းတွေ မြင့်တက်မှုကို စီမံခန့်ခွဲပေးမယ့် ရန်ပုံငွေကိစ္စ ဒီမိုကရက်တစ် ပါတီက အဆိုပြုထားတာဟာ အပြီးသတ် သဘောတူညီချက်မှာတော့ ပါမလာတာကို တွေ့ရပါတယ်။

အခုလိုမျိုး အရေးပေါ်ဘတ်ဂျတ် သဘောတူညီမှုကြောင့် ခရစ္စမတ် အားလပ်ရက် ကာလမှာ အမေရိကန် အစိုးရ ယန္တရား ရပ်နားထားရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တာပါ။ အစိုးရ ယန္တရား ရပ်နားထားတဲ့အခါ လုံခြုံရေးနဲ့ တခြား မရှိမဖြစ် မဟုတ်တဲ့ အစိုးရ ဌာနတွေရဲ့ လုပ်ငန်းတွေ ယာယီပိတ်ထားရလေ့ ရှိပါတယ်။ လွှတ်တော် အမတ်တွေကတော့ ၃ လလောက် အရေးပေါ် သက်တမ်းတိုးနိုင်ခဲ့တဲ့ ဘတ်ဂျတ်ကြောင့် အစိုးရအတွက် နှစ်သစ် ဘတ်ဂျတ် ရေးဆွဲဖို့ လုံလောက်မယ်လို့ ယူဆနေကြပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။