Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန်မှာ ၅ နှစ်အထက် ကလေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ FDA အကြံပေးအဖွဲ့ ထောက်ခံ

အမေရိကန်ဟာ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး သုံးမျိုးကို ထိုးနှံပေးနေပြီး Johnson & Johnson၊ Modernaတို့ရဲ့ ဆေးတွေကတော့ အသက် ၁၈ နှစ် အရွယ်တွေမှာ အသုံးပြုနေပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန (FDA)အတွက် အကြံပေး ပညာရှင် အဖွဲ့က အသက် ၅ နှစ်အထက် ကလေးတွေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပေးဖို့ ကိစ္စကို အတည်ပြု ထောက်ခံလိုက်ကြောင်း သိရပါတယ်။

ဒါကြောင့် ကျောင်းနေအရွယ် ကလေး ၂၈ သန်းလောက်ကို ကာကွယ်ဆေး ထိုးပေးချင်နေတဲ့ အမေရိကန် အစိုးရရဲ့ စီမံကိန်း ရုပ်လုံးပေါ်လာဖို့ ခြေတစ်လှမ်း ပိုနီးသွားပါပြီ။

FDAကိုရော၊ ရောဂါထိန်းချုပ် ကုသရေးဌာန (CDC)ကိုပါ ကူညီနေပြီး ထိပ်တန်းအဆင့် ဆေးဝါးနဲ့ ကျန်းမာရေး ပညာရှင်တွေ ပါဝင်တဲ့ အကြံပေး အဖွဲ့က Pfizerရဲ့ ကာကွယ်ဆေးကို အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေမှာ ထိုးပေးတာ ကောင်းကျိုးရှိလိမ့်မယ်လို့ ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး သုံးမျိုးကို ထိုးနှံပေးနေပြီး Johnson & Johnson၊ Modernaတို့ရဲ့ ဆေးတွေကတော့ အသက် ၁၈ နှစ် အရွယ်တွေမှာ အသုံးပြုနေပါတယ်။

Public Service Announcement

Public Service Announcement

Pfizerရဲ့ ကာကွယ်ဆေးကတော့ အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံပေးနေပြီး အခုဆိုရင် ကျောင်းနေအရွယ် ကလေးတွေအတွက် သုံးစွဲဖို့ပါ ပိုနီးစပ်လာပါပြီ။ အကြံပေး ပညာရှင် အဖွဲ့ရဲ့ ထောက်ခံချက်ကို ရရှိလိုက်တဲ့နောက် အခုဆိုရင် Pfizerရဲ့ ဆေးဟာ FDAနဲ့ CDCဆီက တရားဝင် ခွင့်ပြုချက်ကိုပဲ စောင့်ဆိုင်းရတော့မှာပါ။

Public Service Announcement

Pfizerနဲ့ မိတ်ဖက် ဇီဝနည်းပညာ လုပ်ငန်းစုကြီး Bio&Techတို့ ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ လုံခြုံ စိတ်ချရပြီး ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေကနေ ၉၀ ရာခိုင်နှုန်းလောက် ဟန့်တားပေးနိုင်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှု အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

CDCအနေနဲ့ ဒီဆေးကို တရားဝင် ထိုးနှံခွင့် ပြုသင့် မပြုသင့် နိုဝင်ဘာ ၂ ရက်မှာ ကြေညာဖွယ်ရှိပြီး မီးစိမ်းပြလိုက်မယ်ဆိုရင် နောက်တစ်နေ့ကစပြီး အသက် ၅ နှစ်အထက် ကလေးတွေမှာ သုံးစွဲလာနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးငယ် ၁.၈ သန်းလောက် ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ဖူးကြောင်း CDCက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါပေမဲ့ ရောဂါ ဖြစ်ပွားမှုနဲ့ နှိုင်းယှဉ်ရင် ကလေးတွေမှာ သေပျောက်နှုန်း အရမ်းနည်းပြီး ၂၀၀ အောက်လောက်သာ ရှိခဲ့သလို သေဆုံးတဲ့ ကလေးအများစုက ရောဂါအခံ ရှိသူတွေလို့လည်း မှတ်တမ်းတွေက ညွှန်ပြနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။