Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန်မှာ ၅ နှစ်အထက် ကလေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ FDA အကြံပေးအဖွဲ့ ထောက်ခံ

အမေရိကန်ဟာ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး သုံးမျိုးကို ထိုးနှံပေးနေပြီး Johnson & Johnson၊ Modernaတို့ရဲ့ ဆေးတွေကတော့ အသက် ၁၈ နှစ် အရွယ်တွေမှာ အသုံးပြုနေပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာန (FDA)အတွက် အကြံပေး ပညာရှင် အဖွဲ့က အသက် ၅ နှစ်အထက် ကလေးတွေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပေးဖို့ ကိစ္စကို အတည်ပြု ထောက်ခံလိုက်ကြောင်း သိရပါတယ်။

ဒါကြောင့် ကျောင်းနေအရွယ် ကလေး ၂၈ သန်းလောက်ကို ကာကွယ်ဆေး ထိုးပေးချင်နေတဲ့ အမေရိကန် အစိုးရရဲ့ စီမံကိန်း ရုပ်လုံးပေါ်လာဖို့ ခြေတစ်လှမ်း ပိုနီးသွားပါပြီ။

FDAကိုရော၊ ရောဂါထိန်းချုပ် ကုသရေးဌာန (CDC)ကိုပါ ကူညီနေပြီး ထိပ်တန်းအဆင့် ဆေးဝါးနဲ့ ကျန်းမာရေး ပညာရှင်တွေ ပါဝင်တဲ့ အကြံပေး အဖွဲ့က Pfizerရဲ့ ကာကွယ်ဆေးကို အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေမှာ ထိုးပေးတာ ကောင်းကျိုးရှိလိမ့်မယ်လို့ ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေး သုံးမျိုးကို ထိုးနှံပေးနေပြီး Johnson & Johnson၊ Modernaတို့ရဲ့ ဆေးတွေကတော့ အသက် ၁၈ နှစ် အရွယ်တွေမှာ အသုံးပြုနေပါတယ်။

Public Service Announcement

Public Service Announcement

Pfizerရဲ့ ကာကွယ်ဆေးကတော့ အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံပေးနေပြီး အခုဆိုရင် ကျောင်းနေအရွယ် ကလေးတွေအတွက် သုံးစွဲဖို့ပါ ပိုနီးစပ်လာပါပြီ။ အကြံပေး ပညာရှင် အဖွဲ့ရဲ့ ထောက်ခံချက်ကို ရရှိလိုက်တဲ့နောက် အခုဆိုရင် Pfizerရဲ့ ဆေးဟာ FDAနဲ့ CDCဆီက တရားဝင် ခွင့်ပြုချက်ကိုပဲ စောင့်ဆိုင်းရတော့မှာပါ။

Public Service Announcement

Pfizerနဲ့ မိတ်ဖက် ဇီဝနည်းပညာ လုပ်ငန်းစုကြီး Bio&Techတို့ ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ လုံခြုံ စိတ်ချရပြီး ပြင်းထန်တဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေကနေ ၉၀ ရာခိုင်နှုန်းလောက် ဟန့်တားပေးနိုင်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ သိပ္ပံနည်းကျ လေ့လာစမ်းသပ်မှု အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

CDCအနေနဲ့ ဒီဆေးကို တရားဝင် ထိုးနှံခွင့် ပြုသင့် မပြုသင့် နိုဝင်ဘာ ၂ ရက်မှာ ကြေညာဖွယ်ရှိပြီး မီးစိမ်းပြလိုက်မယ်ဆိုရင် နောက်တစ်နေ့ကစပြီး အသက် ၅ နှစ်အထက် ကလေးတွေမှာ သုံးစွဲလာနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးငယ် ၁.၈ သန်းလောက် ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ဖူးကြောင်း CDCက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါပေမဲ့ ရောဂါ ဖြစ်ပွားမှုနဲ့ နှိုင်းယှဉ်ရင် ကလေးတွေမှာ သေပျောက်နှုန်း အရမ်းနည်းပြီး ၂၀၀ အောက်လောက်သာ ရှိခဲ့သလို သေဆုံးတဲ့ ကလေးအများစုက ရောဂါအခံ ရှိသူတွေလို့လည်း မှတ်တမ်းတွေက ညွှန်ပြနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။