Connect with us

Hi, what are you looking for?

သတင်း

ဒေသလွတ်မြောက်ရေး အရေးကြီးချိန်စည်းလုံးရန်လိုအပ်ဟု ယောတပ်တော် စစ်ရေးတာဝန်ခံပြော

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေပြီး အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် ​ဒေသခံအချို့က​ ပြောသည်။

(တူပီမြို့ ခလရ(၃၀၄)တပ်ရင်း ဆိုင်းဘုတ်ရှေ့၌ အောင်ပွဲခံနေသော ယောတပ်တော်(YA) ရဲဘော်များ။ ဓာတ်ပုံ - YA)
(တူပီမြို့ ခလရ(၃၀၄)တပ်ရင်း ဆိုင်းဘုတ်ရှေ့၌ အောင်ပွဲခံနေသော ယောတပ်တော်(YA) ရဲဘော်များ။ ဓာတ်ပုံ - YA)

ဟန်နွေ/People’s Spring

မကွေးတိုင်းအတွင်းရှိ ယောဒေသလွတ်မြောက်ရေးအတွက် အရေးကြီးချိန်တွင် ဒေသတွင်း တော်လှန်ရေးတပ်များအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း ယောတပ်တော်(YA) စစ်ရေးတာဝန်ခံ ဗိုလ်ဝေလက ပြောကြားသည်။

ချင်းညီနောင်နှင့်အတူ ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲများအတွင်း ပါဝင်ခဲ့သည့် YA အနေဖြင့် ယောဒေသ လွတ်မြောက်ရေး စစ်ရှိန်မြှင့်မည်ဟု ကြေညာခဲ့ရာ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ရှိမရှိ မေးမြန်းချက်အပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

“ကျနော်တို့ ဒေသအခြေအနေတွေအရ အဖွဲ့တွေ ကွဲနေပေမယ့် ဘုံရည်မှန်းချက် တူသူတွေ တော်လှန်ရေး အစမှာ အတူတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသူတွေပါ။ခုလို မိမိဒေသ လွတ်မြောက်ရေးအတွက် အရေးကြီးနေချိန်မှာမှ တာဝန်ရှိသူတွေဟာ မစည်းလုံးနိုင်ကြရင် တော်လှန်ရေးတစ်ခုတည်းကို ကြည့်ပြီး ရှေ့ကအသက်တွေ ဘ၀တွေပေးနေတဲ့ ရဲဘော်တွေကို ဘယ်လိုစိတ်နဲ့ မျက်နှာချင်းဆိုင်ကြမလဲ”ဟု ဗိုလ်ဝေလက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေး၊ လွတ်မြောက်ရေးဘက်ဦးတည်ကြရန်မည်ဟုလည်း ၎င်းက တိုက်တွန်းသည်။

ယောတပ်တော်(YA)အနေဖြင့် ချင်းညီနောင်စစ်ဆင်ရေး (မတူပီ၊မင်းတပ်)လွတ်မြောက်ရေးမှသည် ယောဒေသပြည်သူလူထု လွတ်မြောက်ရေး ၊ အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေး၊လုံခြုံရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်တပ်များနှင့် စစ်ရေးအရှိန်တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ရက်တွင် ကြေညာခဲ့သည်။

YAသည် အာရက္ခတပ်တော်(AA) ၊ချင်းညီ‌နောင်ကာကွယ်ရေးတပ်များ ၊ယောကာကွယ်ရေးတပ် (YDF) အခြားသော မဟာမိတ်များနှင့်အတူပူးပေါင်းပြီး ခမရ(၃၀၄) ၊ ခလရ (၁၄၀) စသည့် မတူပီအခြေချ စစ်ဗျူဟာ၊ မင်းတပ်မြို့ ခလရ(၂၇၄)နှင့် မင်းတပ်မြို့ရဲစခန်း သိမ်းတိုက်ပွဲများ၌ ပါဝင်အောင်မြင်မှုရရှိထားသည်။

ပထဝီအနေအထားအရ နယ်မြေကျောချင်းကပ်တသားတည်းဖြစ်နေသော အိမ်နီးချင်း ချင်းပြည်နယ် ၏ လွတ်မြောက်မှုသည် ယောဒေသ ပြည်သူလူထုတို့၏ လုံခြုံမှုဖြစ်ပြီး ၊ ယောဒေသ၏ လွတ်မြောက်မှုသည်လည်း အိမ်နီးချင်းမဟာမိတ်များအတွက် လုံခြုံမှုဖြစ်သည်ဟု YAက ထုတ်ပြန်ထားသည်။

ထို့အပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယောဒေသ၊ ကျောက်ထုမြို့နယ်အတွင်းရောက်ရှိနေပြီး အမြောက်တပ်က လက်နက်ကြီးများပစ်ကူပေး၍ လမ်းရှင်းပေးနေကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် ​ဒေသခံအချို့က​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA)ခေါင်းဆောင်များ တွေ့ဆုံစဉ် တပ်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆိုင်ရာများ အဓိက ဆွေးနွေးခဲ့ဟု ယောတပ်တော် တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကော်မတီဝင် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့် ယောတပ်တော်(YA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယောတပ်တော်က ဩဂုတ် ၉ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။