Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမနှင့် ထိစပ်မြို့နယ်များတွင် စစ်ကောင်စီက အင်အားတိုးစစ်ရေးပြင်နေ

အလားတူ ဒီဇင်ဘာ ၁၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြှပ်ရွာအခြေစိုက် စစ်ကောင်စီ ခမရ(၆)တပ်ရင်းမှ တပ်သားခုနစ်ဦး လက်နက်များယူဆောင် ထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။

(ပဲခူးတိုင်း အနောက်ခြမ်းနှင့် အရှေ့ခြမ်းကို ဆက်ထားသည့် ရိုးမဖြတ်လမ်းပေါ်တွင် ပဲခူးခရိုင်တပ်ရင်း (၃၇၀၁)က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန)
(ပဲခူးတိုင်း အနောက်ခြမ်းနှင့် အရှေ့ခြမ်းကို ဆက်ထားသည့် ရိုးမဖြတ်လမ်းပေါ်တွင် ပဲခူးခရိုင်တပ်ရင်း (၃၇၀၁)က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမနှင့် ထိစပ်သည့်မြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်နေကြောင်း အဆိုပါဒေသအခြေစိုက် တပ်ရင်း၊တပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်နှင့် နတ်တလင်းစသည့်မြို့နယ်များရှိ ပဲခူးရိုးမပေါ်သို့ အလွယ်တကူ စစ်ကြောင်းထိုးဝင်ရောက်နိုင်သော စစ်ကောင်စီတပ် အထိုင်တပ်စခန်းများထံ ယခုရက်ပိုင်းအတွင်း အင်အားများဖြည့်တင်းနေခြင်းဟု တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

အင်အားဖြည့်တင်းနေသော မြို့နယ်အလိုက် စစ်ကောင်စီတပ်စခန်းများမှာ လက်ပံတန်းမြို့နယ်ရှိ ထန်းပင်ချောင်၊ မင်းလှမြို့နယ်ရှိ ဟိုင်းယုလမ်းဆုံ၊ အုတ်ဖိုမြို့နယ်ရှိ ဝိုင်းရွာရဲစခန်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ကွင်းချောင်းပျူစောထီးစခန်းနှင့် နတ်တလင်းမြို့နယ် တောင်ညိုစခန်းများပါဝင်ပြီး အင်အားမည်မျှဖြည့တင်းသည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

“အင်အားတွေ များလာတာတွေ သတိထားမိတယ်။ ၁၀ရက်လောက်ရှိပြီ။ တနဲ့နဲ့ ရောက် လာနေတာ”ဟု စစ်တပ်အင်အားဖြည့်တင်းမှုအခြေအနေကို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အထက်ပါ အင်အားဖြည့်တင်းလျှက်ရှိသော စစ်တပ်စခန်းများအနက် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာပျူစောထီးစခန်းမှ စစ်ကောင်စီတပ်သားငါးဦးမှာ ဒီဇင်ဘာ ၂၄ ရက်က ထွက်ပြေးသွားရာ ယနေ့ (ဒီဇင်ဘာ ၂၇)အထိ ပြန်လည်ဖမ်းဆီးခံရသည်ဟု မကြားရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဖမ်းမမိဘူး။ လွတ်သွားတဲ့ပုံပဲ။ သူတို့ဆီ လက်နက်တော့ ပါမသွားဘူး။ သေနတ်တွေပစ်တာ တော်တော်ကြာတယ် အဲညက”ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြှပ်ရွာအခြေစိုက် စစ်ကောင်စီ ခမရ(၆)တပ်ရင်းမှ တပ်သားခုနစ်ဦး လက်နက်များယူဆောင် ထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။

အထက်ပါ တပ်ပြေးမှုများအပါအဝင် ယခုရက်ပိုင်းထွက်ပေါ်နေသော PDF တပ်ဖွဲ့များက သာယာဝတီခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲများ လုပ်ဆောင်လာနိုင်သည်ဟူသော ကောလာဟလများကြောင့် စစ်ကောင်စီတပ်က မြို့အဝင်၊အထွက်နှင့် မြို့ပေါ်လုံခြုံရေးများ တင်းကြပ်လျှက်ရှိသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ထားသော တပ်စခန်းများကိုအခြေပြု၍ ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတည်နေရာများကို စစ်ဘက်သုံးရဟတ်ယာဥ်များ၊ ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါဒေသ လက်တလော စစ်ရေးအခြေအနေအဖြစ် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဒီဇင်ဘာ ၁၂ ရက်က လယ်မအင်းကျေးရွာအနီးသို့ ဆိုင်ကယ်ခုနစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီတပ်သားများကို နတ်စစ်သည်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ထို့အပြင် ဒီဇင်ဘာ ၁၁ ရက်ကလည်း ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာသို့ ပေါ်တာဆွဲရန်လာသော စစ်ကောင်စီတပ်သားများနှင့် ဘော်ဘင်ရွာပျူစောထီးများလိုက်ပါလာသည့် ဆိုင်ကယ်ယာဥ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များက ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook