Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လော့စ်အန်ဂျလိစ် ဆင်ခြေဖုံး ဧရိယာတွေထိ တောမီးကူးစက် လောင်ကျွမ်းနေပြီး လူ ၃၀၀၀၀ ကျော် တိမ်းရှောင်ခဲ့ရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့မှာ ဆင်ခြေဖုံး ဧရိယာတွေထိ တောမီးတွေ ပျံ့နှံ့ ကူးစက်မှုကြောင့် လူပေါင်း ၃၀၀၀၀ လောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့မှာ ဆင်ခြေဖုံး ဧရိယာတွေထိ တောမီးတွေ ပျံ့နှံ့ ကူးစက်မှုကြောင့် လူပေါင်း ၃၀၀၀၀ လောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ကစလို့ တောမီးတွေဟာ ဆင်ခြေဖုံး ဧရိယာတွေမှာရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်တွေဆီကိုပါ ပျံ့နှံ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တချို့ ဒေသခံတွေဟာ မီးလောင်ပြီး လမ်းတွေ ပိတ်ကုန်တာကြောင့် ကားတွေကိုပါ ထားခဲ့ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

ဒေသတွင်းမှာ လေပြင်း တိုက်ခတ်မှုတွေကလည်း မီးလောင်မှုကို အခြေအနေ ပိုမို ဆိုးရွားစေပြီး မီးသတ် တပ်ဖွဲ့ဝင်တွေက တောမီးကို ငြှိမ်းသတ်နိုင်ရေး အပြင်းအထန် ရုန်းကန်နေကြရပါတယ်။

တောမီးလောင်ကျွမ်းတဲ့ နေရာတဝိုက်မှာ မီးခိုးလုံးတွေကြောင့် လေထုထဲ မြင်ကွင်း မရှင်းလင်းဘဲ ဖြစ်နေပြီး လေယာဉ် ပျံသန်းမှုတွေကို တားမြစ်ထားရပါတယ်။

Public Service Announcement

Public Service Announcement

တောမီးဟာ လော့စ်အန်ဂျလိစ် ဆင်ခြေဖုံးမှာရှိတဲ့ ပါဆန်ဒီနာ မြို့တဝိုက်မှာလည်း ဧက ၄၀၀ ကျော်လောက် အကျယ်အဝန်းကို ဝါးမျို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်တွေ အခြေချမှုကြောင့် လူသိများတဲ့ ကာဆာဘလန်ကာရော၊ ပါဆန်ဒီနာမှာပါ တောမီးရဲ့ အကြီးအကျယ် ခြိမ်းခြောက်မှုကို ခံစားနေရပါတယ်။

ပါဆန်ဒီနာနားမှာ ခြောက်သွေ့တဲ့ စိုက်ခင်းတွေကနေ ဇန်နဝါရီ ၇ ရက်မှာ မီးစလောင်ပြီး လျင်လျင်မြန်မြန် ကြီးထွားလာခဲ့တာလို့ မီးသတ်ဌာနက ပြောပါတယ်။ အခုအခါမှာတော့ လော့စ်အန်ဂျလိစ်မြို့နဲ့ အနီးတဝိုက် ဧရိယာ အားလုံးမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီး တောမီးကို ထိထိရောက်ရောက် တုံ့ပြန် တားဆီးဖို့ ကြိုးစားနေပါတယ်။

လတ်တလောမှာတော့ တောမီးကြောင့် အသေအပျောက် သတင်း မရသေးပေမယ့် မီးသတ်တပ်ဖွဲ့ကတော့ တောမီး မြန်မြန်ဆန်ဆန် ကူးစက် ရောက်ရှိလာနိုင်တဲ့ ဧရိယာတွေမှာ နေထိုင်သူအားလုံး အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ နှိုးဆော်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။