Connect with us

Hi, what are you looking for?

သတင်း

KIA၊ KPDF၊ ABSDFနှင့် ပူးပေါင်းတပ်များ၏ မံစီမြို့သိမ်း အောင်ပွဲ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

မံစီမြို့သိမ်းတိုက်ပွဲအပြီး အောင်ပွဲခံနေသော ABSDF ကျောင်းသားတပ်မတော်မှ ရဲဘော်များ။ ဓာတ်ပုံ - ABSDF

ကဖေး၊ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

ABSDF ကျောင်းသားတပ်မတော်၏ အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် KIA၏ ဦးဆောင်မှုနှင့်အတူ ကချင်ပြည်နယ် မံစီမြို့အခြေစိုက် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမြောက်တပ်(၃၅၂)တပ်ရင်းတို့ကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

၂၀၂၅ ဇန်နဝါရီ ၈ရက်အထိ တစ်လတာ ထိုးစစ်အပြီးတွင် မြို့ရှိ တပ်ရင်းသုံးခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မံစီမြို့ကို ၂၀၂၄ မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင် အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်းဟု အသိပေးထားသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်တ်ိုက်ခိုက်မည်ဟု မံစီမြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။