Connect with us

Hi, what are you looking for?

သတင်း

KIA၊ KPDF၊ ABSDFနှင့် ပူးပေါင်းတပ်များ၏ မံစီမြို့သိမ်း အောင်ပွဲ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

မံစီမြို့သိမ်းတိုက်ပွဲအပြီး အောင်ပွဲခံနေသော ABSDF ကျောင်းသားတပ်မတော်မှ ရဲဘော်များ။ ဓာတ်ပုံ - ABSDF

ကဖေး၊ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။

ABSDF ကျောင်းသားတပ်မတော်၏ အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် KIA၏ ဦးဆောင်မှုနှင့်အတူ ကချင်ပြည်နယ် မံစီမြို့အခြေစိုက် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမြောက်တပ်(၃၅၂)တပ်ရင်းတို့ကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

၂၀၂၅ ဇန်နဝါရီ ၈ရက်အထိ တစ်လတာ ထိုးစစ်အပြီးတွင် မြို့ရှိ တပ်ရင်းသုံးခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မံစီမြို့ကို ၂၀၂၄ မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင် အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်းဟု အသိပေးထားသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်တ်ိုက်ခိုက်မည်ဟု မံစီမြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Fact-Check

People’s Spring ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ကချင်အထူး​ဒေသ (၁)ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး​နောက်ပိုင်းမှာ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​ချန်နယ်လ်တွေကလည်း KIA အ​ပေါ် ထိုးနှက်တဲ့ ဝါဒဖြန့်ချိ မှုကို ပိုလုပ်လာကြပါတယ်။ စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်လ်​တွေက KIA အ​ပေါ် ​ ၂၀၂၄...

သတင်း

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။