Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ပေါ်နှင့် ဈေးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားအချို့သေဆုံး

ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့၏ လူနေထူထပ်သောရပ်ကွက်နှင့် ဈေးအတွင်းကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားအချို့ သေဆုံးထိခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ရှိုင်း၊ကဖေး/People’s Spring

ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့၏ လူနေထူထပ်သောရပ်ကွက်နှင့် ဈေးအတွင်းကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားအချို့ သေဆုံးထိခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၁ရက်) နံနက်တွင် စစ်ကောင်စီက ကျောက်တော်မြို့ပေါ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၁၅လုံးကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဆိုသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း AAက ထုတ်ပြန်ကာ ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှု အရေအတွက်များကို ဆက်လက်အသိပေးမည်ဟု ဆိုသည်။

” ဈေးနဲ့ မလှမ်းမကမ်းကိုပစ်ချတာဗျ။ သုံးနေရာကို ပစ်တာ။ထိတာတွေများတယ်။ လောလောဆယ်နှစ်ဦးတော့ အတည်ပြုတယ်လို့ ကျတော်တို့သိရတယ်။ပြောနေရင်း အဆက်အသွယ်ပြတ်သွားတယ်”ဟု မြေပြင်နှင့် အဆက်အသွယ်ရှိသော People’s Spring၏ သတင်းရင်းမြစ်က ပြောသည်။

ကျောက်တော်မြို့ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ဖေ‌ဖော်ဝါရီ၁၃ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ AA ထိန်းချုပ်ရာ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၈ရက်ကလည်း ရက္ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂၆ ဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူများ အပါအဝင် ၂၇ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု AAက ထုတ်ပြန် ထားသည်။

သေဆုံးသူများတွင် ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများရှိ၍ သေဆုံး ဒဏ်ရာရသူ အရေအတွက် ထပ်တိုးလာနိုင်သည်ဟု ဆိုသည်။

AA၏ ထိုးစစ်အောက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်အများစု လက်လွှတ်ဆုံးရှုံးခဲ့သည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook