Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၁၃ရက်) ညနေ ၃နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

” လေယာဉ်ပျံတာကြားပြီး ခဏအကြာ ပစ်တာ။ ဘယ်နေရာကို ချတာလဲတော့ တိတိကျကျမသိရသေးဘူး။ ဗုံးနှစ်လုံး ကြဲတာပါ”ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်ထောင်စုလမ်းမပေါ်ရှိ ကျောက်မဲမြို့တိုးဂိတ်နှင့် နတ်ရေကန်ဘက်သို့ လေကြောင်းထိုက်ခဲ့ခြင်းဟု ဒေသခံအချို့က ပြောသည်။ သို့သော် ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

စစ်ကောင်စီသည် ဇန်နဝါရီ ၈ရက်ကလည်း TNLAထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှ မိုးကုတ်မြို့ကို သိမ်းပိုက်ထားသည်။

ထို့အပြင် ဒေသအနှံ့ရှိတော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဟု ယမန်‌နေ့က ကျရောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင်TNLAက ထုတ်ပြန် အသိပေးထားသည်။

ထို့အတူ ဒေသအသီးသီးမှ တော်လှန်ရေးတပ်ဖွဲ့များကလည်း TNLAနှင့်အတူ စစ်အာဏာရှင်အား တိုက်ခိုက်သွားမည်ဟု TNLAထံ သဝဏ်လွှာပေးပို့ခဲ့သည်။

စစ်ကောင်စီတပ်သည် TNLAအပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့်မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုပိုမိုပြုလုပ်နေသည်။

ဇန်နဝါရီ ၁ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ သန္နီမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည်။

ရခိုင်ပြည်နယ်မှ ရမ်းဗြဲ၊ကျောက်တော်၊ ပေါက်တော၊ ဂွမြို့နယ်တို့ကိုလည်း ဇန်နဝါရီ ၄ရက်မှ ဇန်နဝါရီ ၁၂ရက်အတွင်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄၀ခန့်သေဆုံးခဲ့သည်။

ယနေ့နံနက်ပိုင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။

ထို့အပြင် တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook