Connect with us

Hi, what are you looking for?

News

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်ပိုင်စိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်းအပါအဝင် လူငယ်ခြောက်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ခေါ်ဆောင် သွားသည်ကို လက်ရှိအချိန်ထိ စုံစမ်း၍ မရသေး၍ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရသည့်အနေအထားဖြစ်နေသည်ဟု ဆိုသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နှင့်အတူ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ ဒေါ်သက်ဆုလှိုင်နှင့်ဦးနိုင်းသီဟကျော်အပါအဝင် လူငယ်ခြောက်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ABFSU)က ယနေ့(အောက်တိုဘာ၃၁) ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ခေါ်ဆောင် သွားသည်ကို လက်ရှိအချိန်ထိ စုံစမ်း၍ မရသေး၍ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရသည့်အနေအထားဖြစ်နေသည်ဟု ဆိုသည်။

“မန္တလေးမှာပဲ အဖမ်းခံရတာပါယ မနေ့ (အောက်တိုဘာ ၃၀ ရက်) ည ၁၀ နာရီဝန်းကျင်လောက်ကပါ”ဟု ABFSU ၏ တာဝန်ရှိသူက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ABFSU က အောက်တိုဘာလအတွင်း မန္တလေးမြို့၌ ငြိမ်ချမ်းစွာ ဆန္ဒပြမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook