Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်ပိုင်စိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်းအပါအဝင် လူငယ်ခြောက်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ခေါ်ဆောင် သွားသည်ကို လက်ရှိအချိန်ထိ စုံစမ်း၍ မရသေး၍ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရသည့်အနေအထားဖြစ်နေသည်ဟု ဆိုသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နှင့်အတူ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ ဒေါ်သက်ဆုလှိုင်နှင့်ဦးနိုင်းသီဟကျော်အပါအဝင် လူငယ်ခြောက်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ABFSU)က ယနေ့(အောက်တိုဘာ၃၁) ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ခေါ်ဆောင် သွားသည်ကို လက်ရှိအချိန်ထိ စုံစမ်း၍ မရသေး၍ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရသည့်အနေအထားဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မန္တလေးမှာပဲ အဖမ်းခံရတာပါယ မနေ့ (အောက်တိုဘာ ၃၀ ရက်) ည ၁၀ နာရီဝန်းကျင်လောက်ကပါ”ဟု ABFSU ၏ တာဝန်ရှိသူက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ABFSU က အောက်တိုဘာလအတွင်း မန္တလေးမြို့၌ ငြိမ်ချမ်းစွာ ဆန္ဒပြမှုရှိခဲ့သည်။