Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကနေ နှင်ထုတ်ခံလိုက်ရတဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်ရောက်

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို တိုက်ဖျက်ရေး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေအရ အမေရိကန်က နှင်ထုတ်လိုက်တဲ့ အိန္ဒိယ နိုင်ငံသား ၁၀၀ ကျော်ဟာ ဇာတိနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

အမေရိကန်ကနေ ပျံသန်းလာတဲ့ စစ်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီးဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ မွန်းလွဲပိုင်းတုန်းက ပန်ဂျပ်ပြည်နယ်ကို ဆိုက်ရောက်လာခဲ့ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

C-17 လေယာဉ်ပေါ်မှာ အိန္ဒိယရဲ့ ဂူဂျာရတ်၊ မဟာရက်ရှ်ထရာနဲ့ ပန်ဂျပ် ပြည်နယ်တွေကနေ အမေရိကန်မှာ တရားမဝင် သွားရောက် အခြေချနေခဲ့သူ အနည်းဆုံး ၁၀၄ ဦး ပါလာခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လေယာဉ်ဟာ ပန်ဂျပ်ပြည်နယ်ထဲမှာ ပါဝင်တဲ့ အိန္ဒိယအနောက်မြောက်ပိုင်းမြို့ အမ်ရစ်ဆာကို ရောက်ရှိလာတာပါ။ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို နေရပ်ပြန်ပို့ရေးအတွက် စစ်လေယာဉ်တွေကို အသုံးပြုဖို့ ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် ဒါဟာ အရှည်လျားဆုံး ပျံသန်းတဲ့ ခရီးစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပိုမိုကောင်းမွန်တဲ့ ဘဝကို အစပြုနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အရေးတွေ ရရှိဖို့ ရည်ရွယ်ပြီး အမေရိကန်ကို စွန့်စားထွက်ခွာသွားခဲ့တဲ့ အိန္ဒိယ လူငယ် အများအပြားဟာ ထရမ့်ရဲ့ အမိန့်ကြောင့် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ မြေလှန် ရှာဖွေ ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခြင်းကို ခံကြရတာပါ။ သူတို့တွေ အမေရိကန်ကို သွားရောက်နိုင်ဖို့ မိသားစုက ဒေါ်လာ သောင်းနဲ့ သိန်းနဲ့ချီ ရင်းနှီးမြှုပ်နှံ ပေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရက နယ်နှင်ခံလာရသူတွေကို ကောင်းကောင်းမွန်မွန် ပြန်လည် လက်ခံပေးသွားမယ်လို့ ပြောကြားထားပေမယ့် နိုင်ငံရေးသမားတွေကတော့ ဒီပြဿနာတွေရဲ့ အခြေခံ အကြောင်းရင်းတိုင်းကို အဓိက ပစ်မှတ်ထား ဖြေရှင်းပေးဖို့ လိုတယ်လို့ ဝေဖန်ထားကြပါတယ်။

ပန်ဂျပ်ပြည်နယ် အစိုးရရဲ့ ပြည်ပရောက် အိန္ဒိယ နိုင်ငံသားများရေးရာ ဝန်ကြီး ကူလ်ဒိပ်ဆင်း ဒါလီဝဲလ်က သူဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် နာယာဒရာ မိုဒီကို သမ္မတ ထရမ့်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ညှိနှိုင်းနိုင်ရေး အားထုတ်ဖို့ လေးလေးနက်နက် အကြံပြု တောင်းဆိုထားတယ်လို့လည်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ထရမ့်ဟာ အမေရိကန်မှာ ဒုတိယ သမ္မတသက်တမ်း စတင်တာဝန်ယူတဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကစလို့ နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းမယ့် မူဝါဒတွေကို စတင် အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN
https://media.cnn.com/api/v1/images/stellar/prod/2025-02-05t085919z-1614559669-rc28oca0k88l-rtrmadp-3-usa-trump-migration-india.jpg?c=16×9&q=h_653,w_1160,c_fill/f_webp

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။