Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာတလွှားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သန်းကျော်ရှိလာ

နိုင်ငံအလိုက် ကျန်းမာရေး ဌာနတွေက ထုတ်ပြန်တဲ့ စုစုပေါင်း အသေအပျောက် ကိန်းဂဏန်းတွေဟာ နိုဝင်ဘာ ၁ ရက်မှာ ၅ သန်း စတင် ကျော်လွန်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရောဂါကြောင့် သေဆုံးရသူ ဦးရေဟာ အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရားဝင် စာရင်းတွေအရ ကမ္ဘာတလွှားမှာ ကိုဗစ် ကပ်ရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၅ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ကျန်းမာရေး ဌာနတွေက ထုတ်ပြန်တဲ့ စုစုပေါင်း အသေအပျောက် ကိန်းဂဏန်းတွေဟာ နိုဝင်ဘာ ၁ ရက်မှာ ၅ သန်း စတင် ကျော်လွန်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရောဂါကြောင့် သေဆုံးရသူ ဦးရေဟာ အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံ၊ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ စနစ်အခြေပြု သိပ္ပံနဲ့ အင်ဂျင်နီယာ ဌာနဟာ ကပ်ရောဂါ စတင်လာချိန် ကတည်းက အသေအပျောက် စာရင်းကို မှတ်တမ်းတင် ပြုစုထားခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တက္ကသိုလ်က ထုတ်ပြန်တဲ့ အသေအပျောက် ၅ သန်း ပြည့်မြောက်မှု စာရင်းဟာ လက်တွေ့ထက် တော်တော်လေး လျော့နည်းနေဆဲလို့ တစ်ထစ်ချ ယူဆထားကြပါတယ်။

အထူးသဖြင့် အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေမှာ စာရင်းမပါဘဲ သေဆုံးသူတွေ အများအပြား ရှိနိုင်ပြီး ရုရှားလို နိုင်ငံတွေရဲ့ အသေအပျောက် စာရင်း ထုတ်ပြန်မှုကလည်း ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ထောက်ပြကြပါတယ်။ တကယ်တမ်းမှာ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရတဲ့ ကမ္ဘာ့လူဦးရေက ၅ သန်းရဲ့ ၂ ဆကနေ ၁၀ ဆအတွင်းထိ များပြားနိုင်တယ်လို့ နယူးယောက် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ရဲ့ ကပ်ရောဂါဗေဒ ပညာရှင် ဒေါက်တာ ဒင်းနစ် နက်ရှ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဇူလိုင်လဆန်းမှာ ရောဂါကြောင့် သေဆုံးသူ ၄ သန်းပြည့်ခဲ့တဲ့ ကာလ အရှေ့ပိုင်းတွေနဲ့ ယှဉ်ကြည့်ရင် ကပ်ရောဂါကြောင့် လူ ၁ သန်းထပ်သေဆုံးတဲ့ ကာလက ပိုမို ရှည်ကြာလာတာကို တွေ့ရပါတယ်။ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်က ကူးစက်နှုန်း ပိုမြန်ဆန်နေချိန်မှာ အသေအပျောက် ကိန်းဂဏန်းတွေ မြင့်တက်မလာတာက ကမ္ဘာတလွှား ကာကွယ်ဆေး ဖြန့်ကျက် ထိုးနှံနိုင်စွမ်း အားကောင်းလာတာနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ စက်တင်ဘာကနေ အောက်တိုဘာ ပထမလဝက်အတွင်း ကူးစက်နှုန်း အကျဖက် ရောက်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ ပတ်မှာတော့ ကူးစက်မှုတွေ အရှိန်ပြန်ကောင်းလာတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ရောဂါကြောင့် သေဆုံးသူ ၅ သန်းကျော်လာပြီဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူ ဦးရေကလည်း ၂၄၈ သန်းနီးပါး ရှိလာပါပြီ။ တကယ်တမ်း ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု ကိန်းဂဏန်း အမှန်တွေ သိဖို့ဆိုရင်တော့ လူသားတွေ အနေနဲ့ နောက်ထပ် နှစ်ပေါင်း အတော်ကြာ လေ့လာရဦးမယ်လို့ ဒေါက်တာ နက်ရှ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။