Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ လေယာဉ်ငယ်နှစ်စီး လေထဲမှာ တိုက်မိ၊ ၂ ဦးသေဆုံး

အမေရိကန်မှာ လေယာဉ်ငယ်နှစ်စီး လေထဲမှာ တိုက်မိကြရာက လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်မှာ လေယာဉ်ငယ်နှစ်စီး လေထဲမှာ တိုက်မိကြရာက လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အရီဇိုးနား ပြည်နယ်ထဲမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က Cessna 172 Sနဲ့ Lancair 360 MK II အမျိုးအစား လေယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ခဲ့တာပါ။ လေယာဉ် တစ်စီးစီပေါ်မှာ လူ ၂ ဦးစီ စီးနင်း လိုက်ပါခဲ့တာဖြစ်ပြီး တက်ဆန်မြို့ အနောက်မြောက်ဖက်၊ မာရာနာ ဒေသဆိုင်ရာ လေဆိပ်နားမှာ အချင်းချင်း တိုက်မိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သယ်ယူပို့ဆောင်မှု လုံခြုံရေးဗျူရို (NTSB)ဟာ အဲဒီဖြစ်စဉ်ကို စုံစမ်း စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပြီး ကနဦး အချက်အလက်တွေအရ လေဆိပ်ရဲ့ ပြေးလမ်းတစ်ခုနား ချဉ်းကပ်ချိန် အချင်းချင်း တိုက်မိခဲ့တယ်လို့ တွေ့ရှိထားကြောင်း ပြောပါတယ်။

Cessana လေယာဉ်ဟာ ပြေးလမ်းပေါ်ကို ထိန်းသိမ်း ဆင်းသက်နိုင်ခဲ့ပေမယ့် တခြားလေယာဉ်ကတော့ လေယာဉ်ပြေးလမ်းနားက မြေပြင်ကို အရှိန်နဲ့ ထိုးဆင်းသွားခဲ့ပြီး မီးပါလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ အခင်းဖြစ်တဲ့ လေဆိပ်ဟာ လေယာဉ်ငယ်တွေသာ အဓိက အသုံးပြုလေ့ရှိပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင် ရှိမနေဘူးလို့ ဆိုပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လူအသေအပျောက် ဖြစ်ပေါ်တဲ့ လေယာဉ် မတော်တဆမှုတွေ ဆက်တိုက် ကြုံနေရပါတယ်။

ဇန်နဝါရီ လတုန်းက ရဟတ်ယာဉ် တစ်စီးဟာ အမေရိကန် ခရီးသည်တင် လေယာဉ်တစ်စီးနဲ့ ဝါရှင်တန်ဒီစီမှာ တိုက်မိခဲ့တာကြောင့် စုစုပေါင်း ၆၇ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူနာတင် လေယာဉ်တစ်စီးက ဖီလာဒဲဖီးယားမှာ လူနေရပ်ကွက်ထဲ ပျက်ကျပြီး လေယာဉ်ပေါ် ပါလာသူ ၆ ယောက်နဲ့ မြေပြင်ပေါ်က ၁ ဦး သေဆုံးခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာလည်း အမေရိကန်ရဲ့ Delta လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့မှာ ပြေးလမ်းပေါ်အဆင်း လမ်းချော်ပြီး ကိုယ်ထည်က ပက်လက်လန်သွားခဲ့ပေမယ့် လိုက်ပါလာသူ ၈၀ စလုံး အသက်ရှင်ခဲ့ပါတယ်။

နိုင်ငံရဲ့ လေကြောင်း ထိန်းသိမ်းရေး နည်းပညာ မြှင့်တင်ဖို့၊ ဝန်ထမ်းတွေ တိုးမြှင့် ခန့်အပ်ထားဖို့ အရေးပေါ် ရန်ပုံငွေ သတ်မှတ် အသုံးပြုဖို့ အမေရိကန် လွှတ်တော်ထဲမှာ အဆိုပြု တောင်းဆိုတဲ့ နေ့မှာပဲ အရီဇိုးနားမှာ လေယာဉ်ငယ်နှစ်စီး တိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။