Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူချင်းမတွေ့ခင် ဇီလန်စကီးကို ထရမ့် ချီးကျူးစကားဆို

အိမ်ဖြူတော်မှာ လူချင်းမတွေ့ခင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအပေါ် အများကြီး လေးစားမှု ရှိပါတယ်လို့ ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ လူချင်းမတွေ့ခင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအပေါ် အများကြီး လေးစားမှု ရှိပါတယ်လို့ ပြောကြားလိုက်ပါတယ်။

ဇီလန်စကီးဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ပေးအပ်ခဲ့တဲ့ အမေရိကန်ကို အပြန်အလှန် သဘောအဖြစ် နိုင်ငံပိုင် သတ္တုရိုင်း သယံဇာတ ရင်းမြစ်တွေ တူးဖော်ခွင့်ပြုရေး ကနဦးအဆင့် စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဝါရှင်တန် ဒီစီ မြို့တော်ဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လူသိရှင်ကြား တင်းမာမှုတွေ ရှိခဲ့ကြပြီး ထရမ့်က ဇီလန်စကီးကို ရွေးကောက်ပွဲ မကျင်းပဘဲ အာဏာ ဆုပ်ကိုင်ထားတဲ့ အာဏာရှင်လို့ ပြင်းပြင်းထန်ထန် ပုတ်ခတ်ခဲ့ပါတယ်။ ယူကရိန်းဟာ စစ်ပွဲကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားရပြီး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေမှန်း သိပေမယ့် ထရမ့်က ဇီလန်စကီးကို အဲဒီ စကားလုံးမျိုးနဲ့ ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ထရမ့်က လေသံပြောင်းသွားပြီး သူဟာ ဇီလန်စကီးကို လေးစားပါတယ်လို့ ပြောဆိုလာပြန်တာပါ။ ဇီလန်စကီးကို အာဏာရှင်လို့ စွပ်စွဲခဲ့တဲ့ စကားအတွက် ပြန်တောင်းပန်မလားလို့ BBC သတင်းထောက်က မေးမြန်းတဲ့အခါ ထရမ့်က တိုက်ရိုက် မဖြေဘဲ သူ့ပါးစပ်က ဒါမျိုး ပြောထွက်ခဲ့မိတာ မယုံနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ ဇီလန်စကီးဟာ အင်မတန် ရဲရင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ အမေရိကန်ကို ရောက်ရှိနေတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာနဲ့ တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးပြီးတဲ့နောက် သတင်းထောက်တွေကို တွေ့ဆုံခဲ့တာပါ။

ထရမ့်က သူဟာ ဇီလန်စကီးနဲ့ သိပ်ကို ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။ ဒါ့အပြင် ယူကရိန်း ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေလည်း တော်တော်လေး အရှိန်ရနေတယ်လို့ သူက ဆိုပါတယ်။

ထရမ့်က စစ်ပွဲရပ်ဆိုင်းပြီးသွားရင်တောင် ယူကရိန်းရဲ့ လုံခြုံရေးအတွက် ခိုင်ခိုင်မာမာ အာမခံချက် ပေးဖို့ဆိုတဲ့ ဇီလန်စကီးရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆိုထားပြီး အမေရိကန် သတ္တုတူးဖော်ရေး ကုမ္ပဏီ ဝန်ထမ်းတွေ ယူကရိန်းမှာ ရှိနေသ၍ ယူကရိန်းရဲ့ လုံခြုံရေးဟာ အလိုလို အာမခံချက် ရပြီးသား ဖြစ်နေမယ်လို့ပဲ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။