Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်နဲ့ ပြင်သစ်ရဲ့ စစ်ရေး စွမ်းရည်ကို ပုတ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ ဖြေရှင်း

ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ စစ်ရေးစွမ်းရည်အပေါ် ချိုးချိုးဖဲ့ဖဲ့ ဝေဖန် ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ငြင်းဆိုသွားခဲ့ပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ စစ်ရေးစွမ်းရည်အပေါ် ချိုးချိုးဖဲ့ဖဲ့ ဝေဖန် ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ငြင်းဆိုသွားခဲ့ပါတယ်။

သူ့ရဲ့ မှတ်ချက်စကား တချို့ဟာ ယူကရိန်း ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ကူညီဖို့ ကြိုးစားနေတဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို လှောင်ပြောင်သလို ဖြစ်နေကြောင်း ပွဲဆူတဲ့ ထောက်ပြမှုတွေ ရှိလာချိန်မှာ ဗန့်စ်က ငြင်းချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ယူကရိန်းမှာ စစ်ပွဲ ရပ်ဆိုင်းဖို့ သဘောတူညီမှု ရရှိပြီးပြီဆိုရင် ယူကရိန်းရဲ့ ငြိမ်းချမ်းရေးကို ရေရှည် စောင့်ရှောက် ကာကွယ်ပေးဖို့အတွက် ဗြိတိန်နဲ့ ပြင်သစ်တို့က ဦးဆောင်ပြီး နိုင်ငံစုံ စုပေါင်းတပ်ဖွဲ့တစ်ခု ယူကရိန်းမြေမှာ ဖြန့်ကျက်ထားဖို့ စီစဉ်နေပါတယ်။ အသေးစိတ် အချက်အလက်တွေကို မညှိနှိုင်းရသေးပေမယ့် တပ်အင်အား ၂၀၀၀၀ ဝန်းကျင်လောက်ကို ယူကရိန်းမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေ အနေနဲ့ ထားရှိဖို့ ဥရောပ မဟာမိတ် နှစ်နိုင်ငံက ရည်ရွယ်ထားပါတယ်။

ဗန့်စ်ကတော့ ဥရောပ နိုင်ငံ အများစု ပါဝင်မယ့် နိုင်ငံတကာ စစ်တပ် တစ်ခု ယူကရိန်းမှာ ဖြန့်ကျက်ထားမယ်ဆိုတဲ့ စိတ်ကူး တစ်ခုလုံးကို မတ်လ ၃ ရက်နေ့တုန်းက ဝေဖန်သွားခဲ့ပါတယ်။ သူက နိုင်ငံစုံကနေ ကြုံသလို ရွေးထုတ်ထားပြီး စစ်မတိုက်ဖူးတာ နှစ်ပေါင်း ၃၀၊ ၄၀ လောက် ကြာနေတဲ့ စစ်သား ၂၀၀၀၀ လောက်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ စကားဟာ ဗြိတိန်နဲ့ ပြင်သစ်ရဲ့ စစ်အင်အား၊ စစ်ရေး စွမ်းရည်တွေကို ချိုးဖဲ့ နှိမ့်ချရာ ရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိလာသလို နှစ်နိုင်ငံရဲ့ လွှတ်တော် အမတ်တချို့က ဗန့်စ်ကို အတိအလင်း ဝေဖန်လာကြပါတယ်။ အဲဒီနောက် ဗန့်စ်က သူဟာ အဲဒီသဘောမျိုး မပြောခဲ့ပါဘူးလို့ ငြင်းချက်ထုတ်ခဲ့တာပါ။ သူ့ရဲ့ စကားတွေထဲမှာ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ နာမည်တွေကို လုံးဝ ထည့်သွင်း ရည်ညွှန်း မထားခဲ့ပါဘူးလို့လည်း အမေရိကန် ဒုတိယ သမ္မတက ပြောပါတယ်။

အဲဒီ နှစ်နိုင်ငံစလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာရော၊ အဲဒီ မတိုင်ခင် ကာလတွေရောမှာပါ အမေရိကန်နဲ့ လက်တွဲပြီး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့မှန်း သူသဘောပေါက်ပါတယ်လို့လည်း မတ်လ ၄ ရက်နေ့မှာ ဗန့်စ်က လူမှုကွန်ရက် မီဒီယာ Xပေါ် ရေးသားထားခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းကို လုံခြုံရေး အာမခံချက် ပေးဖို့အတွက် စုပေါင်း စစ်တပ် တစ်ခုကို ဖွဲ့စည်းမယ်ဆိုတဲ့ စိတ်ကူးကို တကယ်တမ်း စစ်မြေပြင် အတွေ့အကြုံနဲ့ စစ်လက်နက် အင်အား လုံလုံလောက်လောက် မရှိတဲ့ နိုင်ငံတွေ အများကြီးက ထင်သာမြင်သာရော၊ တိုးတိုးတိတ်တိတ်ပါ ထောက်ခံနေကြတယ် ဆိုတာက အဓိပ္ပါယ် ကင်းမဲ့နေတယ်လို့လည်း ဗန့်စ်က ဆိုပါတယ်။

ဗန့်စ်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းကလည်း အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ကြား ရုပ်ပျက်ဆင်းပျက် စကားများကြတဲ့ ကိစ္စမှာလည်း ဇီလန်စကီးနဲ့ ကတောက်ကဆကို အစပြုခဲ့သူ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။