Connect with us

Hi, what are you looking for?

သတင်း

စစ်သင်တန်းပို့စဉ်လမ်းခုလတ်၌ ထွက်ပြေးသည့် လူငယ်ကို စစ်ကောင်စီတပ် အသေပစ်ခတ်

မန္တလေးတိုင်း၊ မြစ်သားမြို့တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးရာ စစ်ကောင်စီက သေနတ်ဖြင့် အသေပစ်ခတ်လိုက်သည်။

ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပုံအဟောင်း။ ဓာတ်ပုံ - Getty Image

ကဖေး/People’s Spring

မန္တလေးတိုင်း၊ မြစ်သားမြို့တွင် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသော လူငယ်တစ်ဦးသည် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးရာ စစ်ကောင်စီက သေနတ်ဖြင့် အသေပစ်ခတ်လိုက်သည်။

မြစ်သား – ကူမဲလမ်းမှ မြစ်သားမြို့သို့အဝင် လက်ညိုးထိုးကျေးရွာတွင် မတ်လ ၁၄ရက်နေ့လယ် ၁၂နာရီခန့်က အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ကလေးက ကားပေါ်က ခုန်ဆင်းပြေးတာ။ သေနတ်နဲ့ ခေါင်းကို တည်ပစ်တာ။ ခေါင်းပွင့်ထွက်သွားတယ်။ အရမ်းကို ကြောက်စရာကောင်းတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကားသည် မြစ်သားမြို့နယ် တောင်းတွင်းရွာ၊ ရစ်ကန်ရွာ ၊ ရိုးကန်ရွာ ၊ ညောင်းဝန်းရွာတို့မှ စစ်မှုထမ်းမဲပေါက်သည့်လူငယ်များအာယ စစ်သင်တန်းပို့ရန် ခေါ်ဆောင်လာသည့်ကားဟု သတင်းရရှိသည်။

ပစ်ခတ်ခံရသည့် လူငယ်သည် ဖလန်ဖျင် အကျီအနီကွက်ဝတ်ထားပြီး အသက် ၂၀ခန့်သာရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီက ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိပြီး အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီနှင့် ဌာနဆိုင်ရာများသည် မြစ်သားမြို့မှ အသက် ၁၈နှစ်မှ ၃၅နှစ်ကြား လူငယ်များအား ပယ်မဲမရှိသော မဲနှိုက်ခိုင်းပြီး စစ်သားအဖြစ် စုဆောင်းနေသည်။

” ရပ်ကွက်တွေထဲက အမျိုးသားတွေကို ဆင့်ခေါ်တယ်။ ပယ်မဲမရှိဘူး။ ၁ကနေ ၁၀ အထိ အသုတ်လိုက်သတ်မှတ်ပြီး မဲနှိုက်ခိုင်းတယ်။ ၁ သမားတွေက အရင်လိုက်ရတယ်။ အခုဆို ၄သမားအထိ ခေါ်နေပြီး။ မိဘတွေဆိုတာ မျက်ရည်နဲ့မျက်ခွက်ပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က လက်ညိုးထိုးကျေးရွာတွင် ပစ်သတ်ခဲ့သည့် လူငယ်အား PDF ဖြစ်၍ ပစ်ခတ်လိုက်ခြင်းဟု မြစ်သားမြို့နယ်ရဲတပ်ဖွဲ့က သတင်းလွှင့်ထားကြောင်း ဒေသခံချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။