Connect with us

Hi, what are you looking for?

သတင်း

လက်ပန်လှရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ အမျိုးသမီး သုံးဦးသေဆုံး၊ ၆ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတွေဆီကသိရပါတယ်။

မေ/People’s Spring

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတွေဆီကသိရပါတယ်။

မတ်လ ၁၇ရက် ယနေ့ည ၇နာရီထိုးခါနီးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လက်ပန်လှရွာနဲ့ မြောက်ဘက်က ပင်လည်ကြီးရွာနားကို ချသွားတာလို့သိရတယ်။အခု ဒဏ်ရာရလူနာတွေကိုသက်ဆိုင်ရာကဆေးကု ပေးနေပါတယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ၁၄ရက်ကလည်း လက်ပန်လှကျေးရွာဈေးထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အခု မတ်လအတွင်း စစ်ကောင်စီက လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး မတ်လပထမပတ်ထဲမှာလည်း အဲဒီရွာကို လူအစုလိုက်၊ အပြုံလိုက်သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့ပါသေးတယ်။

စစ်ကောင်စီက ၂၀၂၅အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး ရှမ်းမြောက်က နောင်ချိုမြို့နယ်၊စဉ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာ၂ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တွေ အပါအဝင်စုစုပေါင်း ၄၀ကျော် သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၇ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဒေသခံအမျိုးသမီး ၃ ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY-PDFက ထုတ်ပြန်ပါတယ်။