Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေကို ခြိမ်းခြောက်မှုအဖြစ် အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်းမှာ B-2 ဗုံးကြဲလေယာဉ်တွေ အမေရိကန် ဖြန့်ကျက်

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေကို ခြိမ်းခြောက် အင်အားပြမှုအဖြစ် အမေရိကန်ဟာ မဟာဗျူဟာ ကိုယ်ပျောက် ဗုံးကြဲလေယာဉ် B-2 ၆ စီးကို အိန္ဒိယ သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းတစ်ခုဆီ ပို့ဆောင်ထားလိုက်ပါတယ်။

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေကို ခြိမ်းခြောက် အင်အားပြမှုအဖြစ် အမေရိကန်ဟာ မဟာဗျူဟာ ကိုယ်ပျောက် ဗုံးကြဲလေယာဉ် B-2 ၆ စီးကို အိန္ဒိယ သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းတစ်ခုဆီ ပို့ဆောင်ထားလိုက်ပါတယ်။

B-2တွေဟာ ကမ္ဘာပေါ်မှာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည်မျိုး ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော ဗုံးကြဲလေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ B-2 ၆ စီးကို အိန္ဒိယ သမုဒ္ဒရာထဲက ဒီယေဂို ဂါစီယာကျွန်းဆီ ပို့ဆောင်ထားတယ် ဆိုတာဟာ အမေရိကန် လေတပ်ရဲ့ B-2 ပိုင်ဆိုင်မှု စုစုပေါင်း ၃၀ ရာခိုင်နှုန်းကို အဲဒီနေရာမှာ ဖြန့်ကျက်ထားတဲ့ အဓိပ္ပါယ်ပါပဲ။

ဒါဟာ ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားပြီး အီရန်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်နေတဲ့ ဟိုသီတွေကို တိုက်ရိုက် ခြိမ်းခြောက်မှုလို့ ယုံကြည်ရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပြီးခဲ့တဲ့ လတုန်းကလည်း ဟိုသီတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးအကြောင်း အမေရိကန် အစိုးရ အရာရှိတွေ ဆွေးနွေးခဲ့တဲ့ Signal group chat ပေါက်ကြားမှုဟာ နိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်း သတင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အီရန် အစိုးရနဲ့ ဟိုသီအပါအဝင် အီရန်လက်ဝေခံ အင်အားစုတွေအပေါ် ထရမ့်နဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်တို့က နောက်ထပ် အရေးယူမှုတွေ ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုပြီး မကြာခင်မှာပဲ ဒီယေဂို ဂါစီယာကျွန်းကို B-2 ဗုံးကြဲလေယာဉ်တွေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ B-2တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက အီရန် တောင်ပိုင်း ကမ်းခြေနဲ့ ကီလိုမီတာ ၃၉၀၀ အကွာမှာရှိတဲ့ ကျွန်းကို ရောက်နေခဲ့တာလို့ ဂြိုဟ်တု ဓာတ်ပုံ မှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီ ကျွန်းမှာရှိတဲ့ အမေရိကန် လေတပ်စခန်းမှာ ဆီဖြည့် လေယာဉ်ကြီးတွေနဲ့ ကုန်တင် လေယာဉ်ကြီးတွေလည်း ရပ်နားထားတယ်လို့ ဆိုပါတယ်။

B-2တွေလို့ နာမည် မတပ်ပေမယ့် အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့အတွက် လေယာဉ်တွေ အင်အားတိုးမြှင့် ဖြန့်ကျက်ထားတယ်လို့တော့ အတည်ပြုခဲ့ပါတယ်။

CNN သတင်းဌာနရဲ့ စစ်ရေး သုတေသီ ဆီဒရစ် လိုက်တန်ကတော့ တစ်စီးကို ဒေါ်လာ ၂ ဘီလီယံလောက် တန်ကြေးရှိတဲ့ B-2တွေကို တမင်ထုတ်ပြထားတာက ဟိုသီအပါအဝင် ဒေသတွင်းက အမေရိကန်ရဲ့ ရန်ဘက်တွေကို တိုက်ရိုက် ခြိမ်းခြောက်မှုမျိုး ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

မတ်လလယ်တုန်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေးပစ်မှတ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ထရမ့်ကတော့ ယီမင်ကမ်းလွန် ပင်လယ်နီမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ အမေရိကန် အရပ်ဖက် ရေယာဉ်တွေကို ဟိုသီတွေက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မရပ်တန့်ရင် ပိုပြီး ကြမ်းတမ်းတဲ့ အရေးယူမှုတွေ ကြုံရစေမယ်လို့လည်း သတိပေး ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။