Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်ကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ကောလင်းမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Kawlin info

ဧပြီ ၁၁၊၂၀၂၅။ဟန်နွေ၊ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၁၁ရက် နံနက်စော ၃နာရီခွဲခန့်တွင် ကောလင်းမြို့နယ်၊ ကချင်ကုန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီက မွန်းလွဲ ၃နာရီခွဲတွင် ထပ်မံ၍ လျှော်ဖြူကုန်းရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်ကုန်းရွာလေကြောင်း တိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမရှိသော်လည်း လျှော်ဖြူကုန်းရွာ ဗုံးကြဲမှုအတွင်း (၅၆)နှစ်အရွယ် စစ်ရှောင် တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီမှာ ကောလင်းမြို့ပေါ် ပြင်ဦးလွင်ရပ်ကွက်ကနေပြီးတော့ မြို့ပျက်ပြီးတော့ စစ်ရှောင်ပြီးလျှော်ဖြူကုန်းမှာ အိမ်ငှားနေတဲ့ အိမ်တအိမ်ပေါ်ကျပါတယ်။ ၅၆နှစ်အရွယ် ဒေါ်ဝင်းကြည်ပါ။တစ်ဦး ဒဏ်ရာရပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

” ကောလင်းဆက်တိုက် လာပစ်နေတယ်။ သတင်းပေးရှိနေပြီလို့ ယူဆတယ်။ အဲ့ဒါကို PDF တွေ စိစစ်ပေးပါ”ဟု ကောလင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဒေသရှိ PDF ရဲဘော်တစ်ဦးကလည်း ” အင်းတော်ကျတာကို အငြိုးတကြီး တုန့်ပြန်နေပုံရတယ်။ ဒေသခံတွေကိုတော့ သတိပေးချက်တွေ ဆက်တိုက်လုပ်နေတယ်”ဟု ပြောသည်။

စစ်ကောင်စီသည် ကနီမြို့နယ်ကိုလည်း ယနေ့ (ဧပြီ ၁၁ရက်) ညနေ ၅နာရီခန့်တွင် စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သို့သော် ထိခိုက်မှုရှိ၊မရှိကိုမူ မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ဧပြီ ၁၀ရက်ကလည်း ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဧပြီ ၉ရက်ကလည်း ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၂၅ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၇ရက်တွင် အင်းတော်မြို့နယ်ကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် ဒေသတွင်း မြို့ရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုသည် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီး အရှက်တကွဲ ရှုံးနိမ့်မှုအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဖြင့် ရမ်းကားနေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ဖလမ်းမြို့ကို ချင်းညီနောင်က ဧပြီ ၇ ရက်တွင် သိမ်းပိုက်ခဲ့ပြီးနောက် တီးတိန်နှင့် မင်းတပ်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook