Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်းထန်တဲ့ သဲမုန်တိုင်းကြောင့် အီရတ်မှာ လူပေါင်း ထောင်နဲ့ချီ အသက်ရှူကျပ်မှုတွေကြုံ

အီရတ်နိုင်ငံမှာ သဲမုန်တိုင်း အပြင်းအထန် တိုက်ခတ်ခဲ့တဲ့နောက် လူတွေ ထောင်နဲ့ချီပြီး အသက်ရှူရခက်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။

အီရတ်နိုင်ငံမှာ သဲမုန်တိုင်း အပြင်းအထန် တိုက်ခတ်ခဲ့တဲ့နောက် လူတွေ ထောင်နဲ့ချီပြီး အသက်ရှူရခက်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဧပြီ ၁၄ ရက်နေ့က သဲမုန်တိုင်းဟာ အီရတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို သိမ်းကြုံး တိုက်ခတ်သွားတာ ဖြစ်ပါတယ်။ မူသန်နာပြည်နယ် တစ်ခုတည်းမှာတင် သဲမုန်တိုင်းကြောင့် အသက်ရှူကျပ်တဲ့ ဝေဒနာ ခံစားရကြောင်း ဖုန်းဆက် အကူအညီ တောင်းခံမှု ၇၀၀ ကျော် လက်ခံ ရရှိခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်ပေါ် မျှဝေကြတဲ့ ဗီဒီယိုတွေမှာတော့ သဲမုန်တိုင်းနဲ့အတူ ပတ်ဝန်းကျင် တစ်ခုလုံး လိမ္မော်ရောင် ပြောင်းနေတာကို တွေ့ရပါတယ်။

သဲမုန်တိုင်း တိုက်ခတ်မှုတွေဟာ အီရတ်မှာ ကြုံနေရကျ ရာသီဥတု အခြေအနေ ဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနဲ့အတူ သဲမုန်တိုင်းတွေ ဖြစ်ပွားမှု အကြိမ်ရေတွေ ပိုများလာသလို ပမာဏတွေလည်း ပိုကြီးမားလာနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

သဲမုန်တိုင်း တိုက်ခတ်လာတဲ့နောက် လမ်းသွားလမ်းလာတွေနဲ့ ရဲတွေဟာ နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ထားခဲ့ရပြီး အသက်ရှူ ကျပ်နေသူတွေကို အကူအညီပေးဖို့ ရှေးဦး သူနာပြု အဖွဲ့တွေ ဗျာများနေခဲ့တာကိုလည်း တွေ့ရပါတယ်။

နာဂျက်ဖ်ပြည်နယ်မှာ လူပေါင်း ၂၅၀ လောက် အသက်ရှူကျပ်ပြီး ဆေးရုံရောက်ခဲ့သလို ဒီဝါနီယာမှာတော့ ကလေးတွေ အပါအဝင် လူပေါင်း ၃၂၂ ဦးလောက် ဆေးရုံတက်ခဲ့ရပါတယ်။ ဒီကာနဲ့ ဘာဆရာ ဒေသတွေမှာလည်း လူပေါင်း ၅၃၀ ကျော်လောက် အသက်ရှူကျပ်တဲ့ ပြဿနာတွေ ကြုံခဲ့ရပါတယ်။

သဲမုန်တိုင်း တိုက်ခတ်နေချိန် အီရတ်တောင်ပိုင်း ဒေသတွေမှာ ရှေ့ကို တစ်ကီလိုမီတာထက် ပိုမမြင်ရတဲ့ အခြေအနေထိ မြင်ကွင်း မှုန်ဝါးသွားခဲ့ပါတယ်။ ဧပြီ ၁၅ ရက် မနက်ပိုင်းမှာတော့ အခြေအနေတွေ တဖြည်းဖြည်း ပြန်တိုးတက်လာခဲ့ပါတယ်။

အီရတ်ဟာ ကမ္ဘာပေါ်မှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ် အဆိုးဆုံး ခံရနိုင်ခြေ ရှိကြောင်း ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ၅ နိုင်ငံ စာရင်းထဲ ပါဝင်နေပါတယ်။

၂၀၂၂ တုန်းကလည်း အီရတ်မှာ ပြင်းထန်တဲ့ သဲမုန်တိုင်း တိုက်ခတ်မှုတွေကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ၅၀၀၀ ကျော် ကုသမှု ခံယူခဲ့ရပါတယ်။ နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနက အနာဂတ်မှာလည်း အီရတ်ဟာ သဲမုန်တိုင်းတွေ ပိုမို ကြုံလာရဖို့ တွေးတော ပြင်ဆင်ထားသင့်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ် ပျက်ကျမှုကြောင့် လေတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ဝေဟင်မှာ ဆီဖြည့်တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း စတင်နေကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရတ်အစိုးရရဲ့ ဖက်ဒရယ် အုပ်ချုပ်မှု ပိုင်နက်ထဲမှာ တပ်စွဲထားသမျှ အမေရိကန် တပ်တွေအားလုံး ရုပ်သိမ်းသွားပြီလို့ အီရတ် အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရတ်နိုင်ငံက အကြီးစား စျေးဝယ်စင်တာ တစ်ခုမှာ ညလုံးပေါက် လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် လူ ၆၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။