Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်ကို ညအချိန် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၇ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

စဉ့်ကူးမြို့နယ် တရော်ပင်ရွာမြောက်ဘက် နဂါးမောက်တောင် မုဒ်ပေါက်အနီး ဧပြီ ၁၆ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြီး တွေ့ရစဉ် ဓာတ်ပုံ − ပြင်ဦးလွင်ခရိုင် ပကဖ

ဧပြီ ၁၈၊၂၀၂၅။ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၇ရက် ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ည ၈နာရီ ၁၅မိနစ်တွင် နတ်တောင်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်ခရိုင်အတွင်းရှိ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်မှုများ ယခုလအတွင်း ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက်က မိုးကုတ်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး ထိခိုက်ခဲ့သည်။ ဧပြီ ၁၆ရက်ကလည်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာ၊ စဉ့်ကူးမြို့နယ် တရော်ပင်ရွာ မြောက်ဘက် နဂါးမောက်တောင်မုဒ်ပေါက်အနီး လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး ထိခိုက်ခဲ့သည်။

စစ်ကောင်စီက အပစ်ရပ်မည်ဟုကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ သင်္ကြန်ကာလနှင့် နှစ်ဆန်းတရက်နေ့ အခါကြီးနေ့ကြီး ရက်မြတ်များပါမရှောင် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှုကို ပြည်သူများ မယုံကြည်ဘဲ ဗုံးခိုကျင်းများ ခိုင်မာစွာ ပြုလုပ်ထားရန် လိုအပ်ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ငလျင်ဘေးအကြောင်းပြ အပစ်ရပ်မည်ဟုကြေညာထားသော်လည်း အပစ်ရပ်စတင်သည့်နေ့မှ နေ့စဉ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံတဝန်း၌ ပြုလုပ်လျက်ရှိသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ကနီ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရှမ်းမြောက် နောင်ချိုမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရီတ် စသည်တို့ အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများစွာ အသက်သေဆုံးဒဏ်ရာရရှိခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။