Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက အပစ်ရပ်​ထပ်တိုးတယ်ကြေညာပြီး​ ဒီပဲယင်းကိုဗုံးကြဲ ပြည်သူ ၅ဦးသေ၊၆ ဦး ဒဏ်ရာရ

ဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဗိုလ်လက်ဝါး‌‌

ဧပြီ ၂၃၊၂၀၂၅။ရှိန်း၊ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊တောင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့(ဧပြီ ၂၃ရက်) မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ ၅ ဦး သေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီက ဧပြီလကုန်အထိ အပစ်ရပ်တယ်လို့ကြေညာပြီး​နောက်​​နေ့မှာပဲဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းက လက်လှုပ်တောင်ကျေးရွာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဒီနေ့ ၁၁နာရီ ၄၅မိနစ်အချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပြီး စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျေးရွာအလည်ကို ဗုံးကျပေါက်ကွဲခဲ့ပြီး (၁၂)အရွယ်ကလေးအပါအဝင် အမျိုးသား၂ဦး ၊အမျိုးသမီး သုံးဦး စုစုပေါင်း ၅ဦး သေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။

“ဘာတိုက်ပွဲမှ မရှိဘူးဗျ။ဘာသတင်းမှလည်းမထွက်ဘူး။ဒီအတိုင်းသူ့ဟာသူ အေး အေးချမ်းချမ်း တောင်သူလုပ်စား နေကြတာပါ”လို့ ရဲဘော် သုံးကျိပ်တပ်ဖွဲ့ခေါင်း ဆောင်ဗိုလ်လက်ဝါး‌‌က ပြောပါတယ်။

လက်ရှိအချိန်မှာ အဲဒီနေရာကို ရှင်းလင်းရေးလုပ် ဆောင်နေပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပြီး နောက်ပြီး ပါရာမိုတာလည်း ပျံနေတယ်။ နေ့ခင်းကြီး လာတိုက်တာရှင့်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ယခုဧပြီအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့်ပြည်သူ ၅၀နီးပါး သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။