Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အတွင်း စစ်ကောင်စီတပ်၏ အင်အား ၃၀ပါ စက်လှေတစ်စီး တိမ်းမှောက်၊ အရာရှိအလောင်းကို တော်လှန်ရေးတပ်များတွေ့ရှိ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကွမ်းဆိပ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအား တပ်ကူသွားသည့် စစ်ကောင်စီတပ်၏ လှေတစ်စီးတိမ်းမှောက်ပြီး အင်အား ၃၀ခန့်မြစ်အတွင်း မျောပါသွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စက်လှေတိမ်းမှောက်ကာ သေဆုံးသွားသော စစ်ကောင်စီတပ် အရာရှိရုပ်အလောင်းအား စစ်တောင်းမြစ်အတွင်း မျောပါလာသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မေ ၄၊ ၂၀၂၅/People’s Spring

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကွမ်းဆိပ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအား တပ်ကူသွားသည့် စစ်ကောင်စီတပ်၏ လှေတစ်စီးတိမ်းမှောက်ပြီး အင်အား ၃၀ခန့်မြစ်အတွင်း မျောပါသွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ကွမ်းဆိပ်တပ်စခန်းသည် ဝေါမြို့နယ်အစွန်၊ သူရဲသမိန်ကျေးရွာတဘက်ခြမ်း၊ စစ်တောင်းမြစ်ဘေးတွင်တည်ရှိပြီး ဧပြီ ၂၃ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာဘက်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၃၀ခန့်သည် စစ်တောင်းမြစ်ကိုဖြတ်ကာ စစ်လှေဖြင့် တပ်ကူသွားရောက်ခဲ့ပြီး မြစ်အတွင်း စစ်လှေတိမ်းမှောက်ခဲ့ခြင်းဟု တော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစက်လှေတိမ်းမှောက်သည့်ဖြစ်စဥ်မှ စစ်ကောင်စီတပ် အရာရှိတစ်ဦး၏ ရုပ်အလောင်း စစ်တောင်းမြစ်အတွင်းမျောပါလာသည်ကို ယနေ့(မေ ၄ ရက်)နံနက် ၈နာရီခွဲခန့်တွင် ဒေသခံရေလုပ်သားအချို့က ဝေါမြို့နယ်နှင့် ကျိုထိုမြို့နယ်အစပ် ခရွဲကျေးရွာအနီးတွင် တွေ့ရှိခဲ့သည်။

“လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က ကွမ်းဆိပ်ဘက်မှာ တိုက်ပွဲဖြစ်တဲ့အချိန် သူရဲသမိန်ဘက်ကလာတဲ့ စစ်​ွေးလှေတစ်စင်း စစ်တောင်းမြစ်ထဲမှာ မှောက်သွားတယ်။ အယောက် ၃၀ပါသွားတယ်လို့ သိထားရတယ်။ အဲဒီထဲက အလောင်းတွေ မျောလာတာပေါ့”ဟု ယနေ့(မေ ၄)နံနက် ခရွဲရွားအနီး စစ်တောင်းမြစ်အတွင်းတွေ့ရသည့် စစ်ကောင်စီတပ် အရာရှိရုပ်အလောင်းနှင့်စပ်လျဥ်းပြီး ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မြစ်အတွင်း ပုတ်ပွမျောပါလာသည့် စစ်ကောင်စီတပ် အရာရှိရုပ်အလောင်းတွင် သေနတ်အတိုတစ်လက်၊ စကားပြောစက် ဝေါ်ကီတော်ကီတစ်လုံး ရှာဖွေတွေ့ရှိပြီး ဒေသအခြေပြုတော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးသိမ်းဆည်းလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကွမ်းဆိပ်ရဲကင်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ခမရ(၅၉၈)နှင့် ခမရ(၅၈၉)တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်အပြင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ပစ်ခတ်ခဲ့ရာ ယမန်နေ့(မေ ၃ ရက်)တရက်တည်းတွင် လေယာဥ်ဖြင့် ဗုံးအလုံး ၃၀ခန့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။