Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆိပ်နားကို ဟိုသီဒုံးကျည် ထိမှန်ခဲ့တဲ့ကိစ္စ လက်တုံ့ပြန်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်ပြော

နိုင်ငံရဲ့ အဓိက လေဆိပ်ကို ဟိုသီ အင်အားစုတွေ ပစ်ခတ်တဲ့ ဒုံးကျည် ထိမှန်ခဲ့တဲ့နောက် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်က သတိပေး ပြောကြားထားပါတယ်။

Getty Images

နိုင်ငံရဲ့ အဓိက လေဆိပ်ကို ဟိုသီ အင်အားစုတွေ ပစ်ခတ်တဲ့ ဒုံးကျည် ထိမှန်ခဲ့တဲ့နောက် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်က သတိပေး ပြောကြားထားပါတယ်။

ယီမင်အခြေစိုက် ဟိုသီတွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တဲလ်အဗစ်ဗ် မြို့မှာရှိတဲ့ ဘင်ဂူရီယန် လေဆိပ်နားမှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဟိုသီတွေဟာ ဂါဇာမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျားတပ်ဖွဲ့ စစ်ပွဲတွေ စတင်လာ ကတည်းက ပါလက်စတိုင်း ပြောက်ကျားအင်အားစုနဲ့ အတူရပ်တည်ကြောင်း ကြေညာပြီး အစ္စရေးကို မကြာခဏ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။

အစ္စရေးကလည်း ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို လက်နက်ကိုင် ပုန်ကန်နေပြီး လောလောဆယ်မှာတော့ မြို့တော် ဆာနား အပါအဝင် ယီမင်ရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားပါတယ်။

လေဆိပ်နားမှာ ဒုံးကျည်ထိမှန်ခဲ့ပြီးတဲ့နောက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အစ္စရေးဟာ အတိတ်ကလည်း တုံ့ပြန် တိုက်ခိုက်ခဲ့ဖူးသလို အနာဂတ်မှာလည်း လက်တုံ့ပြန် တိုက်ခိုက်နေဦးမယ်လို့ လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၄ ရက် မနက်ပိုင်းတုန်းက လေဆိပ်ရဲ့ ခရီးသည်တွေ အဓိက ဝင်ရောက်ရာ အဆောက်အအုံနား ကျရောက် ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ကြောင့် လူ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။ နောက်ပြီး လေကြောင်း သတိပေး ဥဩဆွဲမှုကြောင့် ဗုံးခိုဖို့ နေရာဆီ အပြေးအလွှား သွားရောက်ရာက နောက်ထပ် ၂ ဦး မတော်တဆ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေတော့ မပါခဲ့ပါဘူး။

ညနေပိုင်းမှာတော့ ဟိုသီတွေက အစ္စရေးရဲ့ လေဆိပ်တွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ပြီး အစ္စရေး လေယာဉ်တွေ ပျံတက်လို့ မရလောက်တဲ့ထိ ဖိအားပေးသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဒါဟာ ဂါဇာမှာ စစ်ဆင်ရေးတွေ ဖြန့်ကျက်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို တုံ့ပြန်ဖို့ ဖြစ်တယ်လို့ ဟိုသီတွေက ပြောပါတယ်။ အစ္စရေးဟာ ဂါဇာမှာ စစ်ဆင်ရေးတွေ ချဲ့ထွင်ဖို့အတွက် အရန်တပ်ဖွဲ့ဝင်တွေကိုပါ သတင်းပို့ဖို့ ဆင့်ခေါ်နေပါတယ်။

ဟိုသီတွေဟာ လောလောဆယ်မှာ အမေရိကန်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဟိုသီတွေဟာ ပင်လယ်နီမှာ ခုတ်မောင်းသွားလာနေတဲ့ အမေရိကန် စစ်ဘက်နဲ့ အရပ်ဖက် သင်္ဘောတွေကို ရန်လိုပြီး ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ မရပ်မချင်း ယီမင်မှာ ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေးတွေလည်း ရပ်တန့်မှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစ္စရေး သမ္မတဆီကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အသနားခံ လျှောက်ထားလိုက်ပါတယ်။

နိုင်ငံတကာ

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယီမင်နိုင်ငံ အခြေစိုက် ဟိုသီသူပုန်တွေဆီ ဒုံးကျည် အစိတ်အပိုင်းတွေ မှောင်ခို ပို့ဆောင်ခဲ့သူ တစ်ဦးကို အမေရိကန်မှာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောတဲ့အချိန် ခန်းမထဲကနေ သံတမန်တွေ၊ နိုင်ငံအများအပြားရဲ့ ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။