Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ-ပါကစ္စတန် ပြဿနာဟာ အမေရိကန်နဲ့ ဘာမှမဆိုင်ဘူးလို့ ဒုတိယ သမ္မတပြော

အိန္ဒိယ-ပါကစ္စတန် စစ်ရေး ပဋိပက္ခဟာ အမေရိကန်နဲ့ ဘာမှမဆိုင်တာကြောင့် နက်နက်ရှိုင်းရှိုင်း ဝင်မပါချင်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

AP

အိန္ဒိယ-ပါကစ္စတန် စစ်ရေး ပဋိပက္ခဟာ အမေရိကန်နဲ့ ဘာမှမဆိုင်တာကြောင့် နက်နက်ရှိုင်းရှိုင်း ဝင်မပါချင်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

သူက လက်ရှိ အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေကို ကာယကံရှင် နိုင်ငံတွေကပဲ လျှော့ချသင့်တယ်လို့ ဆိုပါတယ်။

အခြေအနေတွေကို ခပ်မြန်မြန် တင်းမာမှု ပြေလျော့စေဖို့ အမေရိကန်က လိုလားကြောင်း၊ ဒါပေမဲ့ တခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ရွေးချယ်မှုတွေကို အမေရိကန်က မထိန်းချုပ်နိုင်ကြောင်း Fox Newsနဲ့ အင်တာဗျူးမှာ ဗန့်စ်က ဆိုပါတယ်။

အမေရိကန် လုပ်နိုင်တာက အဲဒီ နိုင်ငံတွေကို နည်းနည်းပါးပါး လျှော့လျှော့ပေါ့ပေါ့ လုပ်ကြပါလို့ တိုက်တွန်းနိုင်တာပဲ ရှိကြောင်း၊ အခြေခံအားဖြင့် အမေရိကန်နဲ့ ဘာမှမဆိုင်တဲ့ စစ်ပွဲတစ်ခုထဲကို အမေရိကန်က ဝင်မပါချင်ကြောင်း၊ ဒါ့အပြင် အမေရိကန်ရဲ့ လုပ်နိုင်စွမ်း အရလည်း ဒီကိစ္စကို ဝင်ထိန်းချုပ်နိုင်တာ ဘာမှမရှိကြောင်း ဗန့်စ်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယဟာ အာရှ-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ ဩဇာချဲ့ထွင်မှုကို တားဆီးရေး ရည်မှန်းချက်မှာ အမေရိကန်ရဲ့ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပါကစ္စတန်ကတော့ ၂၀၂၁ ခုနှစ်မှာ အိမ်နီးချင်း အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာပြီးတဲ့တိုင် အမေရိကန်အတွက် အရေးပါတဲ့ ဒေသတွင်း မဟာမိတ် နိုင်ငံအဖြစ် ရပ်တည်နေဆဲပါ။ ဒါပေမဲ့ ဗန့်စ်ကတော့ အဲဒီနှစ်နိုင်ငံကြားက စစ်ရေးပဋိပက္ခဟာ အမေရိကန်နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ရုရှား-ယူကရိန်း စစ်ပွဲ၊ ဂါဇာစစ်ပွဲတွေနဲ့ ပတ်သက်လို့ သံတမန်ရေးရာ ရည်မှန်းချက်တွေနဲ့ ပါဝင် လှုပ်ရှားနေတာကြောင့် အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကိုတော့ လက်ရှောင်ဖွယ် ရှိတယ်လို့ သုံးသပ်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုဟာ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးတွေကို သီးခြားစီ ဆက်သွယ်ပြီး တင်းမာမှုတွေကို လျှော့ချဖို့ တိုက်တွန်းထားပေမယ့် အဲဒီထက် ထဲထဲဝင်ဝင် လှုပ်ရှားမယ့် အရိပ်အခြေတော့ မမြင်ရပါဘူး။ ထရမ့်ကတော့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက တင်းမာမှုတွေဟာ စိတ်ပျက်စရာ ကိစ္စမျိုးလို့ ဝေဖန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ပြည်နယ်တစ်ခုမှာ အစိုးရ အလုပ်အကိုင် နေရာအတွက် စာမေးပွဲ စစ်ဆေးမှု စနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြ တောင်းဆိုသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြု လူစုခွဲခဲ့တာကြောင့် နှစ်ဖက်ကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။